Tuesday, March 17, 2015

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ စတင်ကျင်းပသော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင် အန်စီစီတီ ခေါင်းဆောင် နိုင်ဟံသာ ပြောကြားသည့် မိန့်ခွန်း


အမြင်သဘောထာ့းကွဲလွဲမှုတွေရှိခဲ့လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၅ လကျော် ၆ လနီးပါးရပ်နားခဲ့ရတဲ့ အတွက် အဲဒီကာလအတွင်းမှာ လက်နက်ကိုင် တိုက်ပွဲများ နေရာဒေသအနံ့မှာ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ဒါတွေက မကောင်းပါဘူး ကျန်တော်တို့ ကြိုးစားတည်ဆောက်နေတဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထိခိုက်စေ တယ်။ ဒါတွေကို အချိန်မှီ မထိန်းသိမ်းနိုင်ရင် အခြေနေ ပိုပိုဆိုးဝါးလာပြီး အချင်းချင်းအကြား ယုံကြည်မှုလည်း ပိုပိုပျက်ပြားနိုင်တယ်။
ဒါကြောင့် ဒီအခြေနေကိုကျော်လွှားနိုင်ဖို့အတွက် တနိုင်ငံလုံးအပစ်ခတ် ရပ်စဲပြီး နိုင်ငံရေးပြသနာတွေကို ဖြေ ရှင်းနိုင်ဖို့အတွက် ဆွေးနွေးပြီး ဖြေရှင်းကြဖို့ ဆိုတာက မိမိတို့ အန်စီစီတီအဖွဲ့တာဝန်ရှိသူတွေနဲ့ အစိုးရ တာဝန်ရှိ သူတွေမှာ တာဝန်ရှိပါတယ်။ နှစ်ဘက်စလုံးမှာတာဝန်ရှိတယ်။ ဒီအချိန် မှာပဲ နိုင်ငံမြောက်ပိုင်း တနံတလျားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်တိုက် ပွဲတွေ ပြင်းပြင်ထန် ထန်ဖြစ်ပွားနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။သို့သော် ကေအိုင်အိုကိုယ်စားလှယ် အဖွဲ့က ပိတ်ဆို့ ဟန့်တားမှုများအကြား က ဖြတ်ဆင်း လာပြီး နေပြည်တော်မှာ အစိုးရအကြီးကဲတပ်မတော် အကြီး ကဲတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ အလားလာဖြစ် ပါတယ်။ ကေအိုင်အိုနဲ့ အစိုးရအကြား ယုံကြည်မှုတည်ဆောက်နိုင်ရင် အန်စီစီတီနဲ့ အစိုးရတို့အကြား တနိုင်ငံလုံးအပစ်ခတ်ရပ် စဲရေးမှာ အများကြီး အထောက်ပံ့ဖြစ်စေနိုင်ပြီး အပစ်ရပ်ရေးနီးစပ်သွားပါလိမ့်မယ်။

ကျန်တော်တို့ အန်စီစီတီဘက်က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် ရည်မှန်းချက်များ ထားရှိ ထားပြီး ဆောင်ရွက်နေကြသလို ပြည်သူအများ လိုလားတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျန်တော်တို့ အန်စီစီတီအနေနဲ့ ဒီခရီးစဉ်ကို လာခဲ့တာပါ။ အကယ်၍ ဒီပွဲမှာ အစိုးရနဲ့ အပေးယူတည့်ရင် မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအပြင် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်ထည်ဖော်နိုင်ဖို့ ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနဲ့ ကိုးကန့် ဒေသတွေမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်တန့်သွားစေဖို့အတွက် ဆွေးနွေး ညှိနှိုင်းရာမှာ ထည့်သွင်းဆွေးနွေး သုံးသပ်ရန် လိုအပ်ပါတယ်။

တနိုင်ငံလုံးအတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲပြီး လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ပါမှ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ထို့အတူ မိမိနိုင်ငံတည်ငြိမ်အေးချမ်းပြီး ဘက်စုံ ဖွံဖြိုးစေဖို့အတွက် ပြည်တွင်းနေရာ အနံ့အပြားမှာ ဖြစ်ပွားနေ တဲ့ ကျောင်းသားနဲ့ အလုပ်သမား လယ်သမားဆန္ဒပြမှုများ ကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။

မိမိတို့ အန်စီစီတီအဖွဲ့ဝင်များအနေနဲ့မိမိတို့နိုင်ငံအတွင်းမှာ ရေရှည်ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ကို နိုင် ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်း နည်းမှ တပါး အခြားနည်းလမ်းများ နဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။

ထို့အတူ အင်အားသုံးဖြေရှင်းရင် ပြည်သူတွေအတွက် ပိုပြီးဒုက္ခရောက်မယ် ။ ခေတ်နောက်ကျ မယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်းကြားမှာလည်း အမုန်း တရားတွေ ပိုပြီးတိုးပွားလာမယ် ။ တိုင်းရင်းသား အချင်းချင်း အမုန်းတရာတွေ ပိုပြီးတိုးပွားရင် ဖြေရှင်းရန်မလွယ်တဲ့ အခြေနေတွေ ရောက်ကုန်ပါလိမ့်မယ် ဒါကြောင့် မိမိတို့ လက်ထဲမှာ မိမိတို့ တာဝန်ယူနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းတည်ဆောက်ကြပါ စို့လို့ သက်ဆိုင်သူ အားလုံးကို ပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List