Tuesday, March 17, 2015

ပူပြင်းသည့်နွေရာသီတွင် ဦးနှောက်သွေးကြောပေါက်တတ်သည့်အတွက် မွေးရာပါသွေးကြောထုံးရောဂါရှိသူများ ပိုမိုသတိပြုနေထိုင်ရန်လို


ပူပြင်းသည့် နွေရာသီတွင် ဦးနှောက်သွေးကြော ပေါက်ခြင်းအဖြစ်များ တတ်ရာ မွေးရာပါသွေးကြောထုံးရော ဂါ ရှိသူများ ပိုမိုသတိပြုနေထိုင်ရန် လိုအပ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက် နှင့်အာရုံကြော ခွဲစိတ် ဌာနမှ ဒေါက်တာမောင်မောင်အောင်က ပြော သည်။
''ဒီရာသီတွေမှာတော်တော် အဖြစ်များတယ်။ ဆရာ့အတွေ့အကြုံအရပေါ့။အဓိကဦးနှောက်သွေး ကြောပေါက် တာက သွေးတိုးလို့ဖြစ်တာ၊ သွေး ဘာလို့တိုးလဲဆိုရင် လူ တစ်ဦးရဲ့အစားအသောက်အနေအထိုင်၊ ကိုယ် လက် လှုပ်ရှားလေ့ကျင့် ခန်းတွေမရှိတာ၊ နောက် မွေးရာပါ သွေးတိုးတာ၊ သွေးကြော မကောင်းတာ၊ မွေးရာ ပါသွေးကြောထုံးတဲ့ ရောဂါရှိတဲ့သူတွေက သွေးနည်းနည်း တိုးတာနဲ့မခံနိုင်ဘဲဖြစ်ကြတယ်''ဟု ဒေါက် တာမောင်မောင်အောင်က ဆိုသည်။

ဦးနှောက်သွေးကြောပေါက် ခြင်းသည် ပူပြင်းသည့်နွေရာသီနှင့် ဆောင်းရာသီ တို့တွင်ပိုအဖြစ်များ ကြောင်း ၊ သွေးကြောတွင် နံရံသုံးထပ်ရှိသည့်အတွက် သာမန်သွေးတိုးခြင်းကိုခံနိုင်ရည်ရှိကြပြီး မွေး ရာပါသွေးကြော ထုံးသည့်ရောဂါ ရှိ သူများတွင်မူ သွေးကြောသည်နှစ် လွှာသာရှိသည့်အတွက် သာမန် သွေး တိုးခြင်းဖြင့် လည်းသွေးကြော ပေါက်ခြင်းများဖြစ်တတ်ကြောင်း၊ ယင်းရောဂါ ရှိသူများသည် အသက် ကြီးလာလေသွေးကြော ၏ခံနိုင်ရည် အားမှာပိုနည်း လာလေဖြစ်ကြောင်း သိရသည်။

သွေးအတွင်းအဆီများခြင်း၊ သွေးကြောကျဉ်းခြင်းများဖြစ်ပါက သွေးကြောပေါက်ခြင်းပိုမိုဖြစ်နိုင် ကြောင်း၊ မွေးရာပါသွေးကြောထုံး ရောဂါရှိသူများသည် အသက် ၄ဝ၊ ၅ဝခန့်အရွယ်များတွင် ဦးနှောက် သွေးကြောပေါက်ခြင်းပိုမိုဖြစ်နိုင် ခြေရှိကြောင်း သိရသည်။

''အသက်ကြီးလာတဲ့အခါကျ ရင် သွေးနည်းနည်းတိုးတာနဲ့သွေး ပေါင်ချိန်တက်တာနဲ့မွေးရာပါသွေး ကြောထုံး တာကမခံနိုင်တော့ဘဲ ပေါက်ထွက်သွားတာပေါ့။ အဲဒီလိုမဖြစ် အောင် အဓိကကတော့ သွေးမတိုး အောင်ဂရု စိုက်ရမယ်''ဟု ဆိုသည်။

အဆိုပါ မွေးရာပါသွေးကြော ထုံးရောဂါရှိမရှိကို များသောအား ဖြင့် အခြားသောရောဂါများကို စမ်းသပ် စစ်ဆေးရာမှ တွေ့ရတတ်ကြောင်း၊ ယင်းရောဂါကိုကုသရာတွင် သောက် ဆေးတစ်မျိုးတည်းဖြင့်ကုသ၍ မရ နိုင်ဘဲ ခွဲစိတ်ကုသမှသာရနိုင်မည် ဖြစ်သည်။

''ခေါင်းထဲမှာ သွေးကြောထုံး ရှိနေတယ်ဆိုရင် အဲဒီသွေးကြော ထုံးကအချိန်မရွေးပေါက်သွားနိုင် တယ်။ အဲဒီတော့မပေါက်အောင် ဘယ်လိုလုပ်မလဲ။ သွေးမတိုးအောင် ထိန်းထားရမယ်။ သွေးကြောထဲမှာ အဆီ မရှိအောင်ထိန်းထားရမယ်။ ဒါကတော့ သွေးတိုးရောဂါနဲ့ဆိုင် သွားပြီ။ အစားအသောက်အနေ အထိုင် ဆင်ခြင်မယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ အရက်သောက်တာကို လျှော့၊ ဖြစ်နိုင်ရင်မသောက်နဲ့၊ အဲဒါ တွေကိုဂရု စိုက် ရမယ်''ဟု ယင်းက ပြောသည်။

KTM
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List