Tuesday, March 17, 2015

ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို လက်မခံဟု အစ္စရေးဝန်ကြီးချုပ်ပြော


မတ် ၁၇ ရက်မှာ ၀န်ကြီးချုပ်ရာထူးကို ပြန်လည် အရွေးချယ်ခံရမယ်ဆိုရင် ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို လက်ခံမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက ပြောဆိုလိုက်ပါတယ်။ နာတန်ယာဟုရဲ့ အာဏာရ လီကွတ်ပါတီဟာ လူထုရဲ့ထောက်ခံမှုကို ရရှိဖို့ ကြိုးစားနေသလို ဇီယွန်ဝါဒ ပေါင်းစည်းရေးပါတီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဇီယွန်ပါတီကတော့ ပါလက်စတိုင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကို ပြန်လည်ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါ တယ်။

နေရာအများစုကို ဇီယွန်ပါတီက ရရှိနိုင်တယ်ဆိုတဲ့ လူထု စစ်တမ်းတွေက ဆိုပါတယ်။

ပါလက်စတိုင်းကို ပြန်ပေးလိုက်ရတဲ့ မြေဟာ အစ္စလာမ္မစ်တွေရဲ့ တိုက်ခိုက်မှုကိုဖွင့်ပေးလိုက်သလို ဖြစ်နေ မယ်လို့လည်း နာတန်ယာဟုက ပြောပါတယ်။

၂၀၀၉ ခုနှစ် ပါလက်စတိုင်း နိုင်ငံနဲ့ ပတ်သက်ပြီး နာတန်ယာဟုက စစ်ရေးလှုပ်ရှားမှုကင်းရှင်းပြီး အစ္စရေးကို ပါလက်စတိုင်းက အသိအမှတ်ပြုရမယ်ဆိုတဲ့ ချွင်းချက်နဲ့သဘောတူထားပါတယ်။

DVB

No comments:

Post a Comment

My Blog List