Friday, March 20, 2015

တိုင်းဧရာမှ သပိတ်စစ်ကြောင်းခေါင်းဆောင်သူများကို အမှုဖွင့်ထားသည့်သတင်း မဟုတ်မှန်ဟုဆို


ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းခေါင်းဆောင် ၃ ဦးကို သပိတ်စစ်ကြောင်းချီတက်ခဲ့သည့် မြို့နယ် ၁၀ မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်အရေးယူ ထားခြင်းမရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။
နေ့စဉ်ထုတ်သတင်းစာများနှင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားနေသောဧရာဝတီ ကျောင်း သား သပိတ်စစ်ကြောင်းခေါင်းဆောင် ဦးဝေယံအောင်၊ ဦးအောင်အောင်ကျော်နှင့် ကိုအောင်ခန့်ဇော်တို့အား သပိတ်စစ်ကြောင်း ချီတက်ရာ မြို့နယ် ၁၀ ခုမှအမှုဖွင့်ထားသည်ဆိုသည့် သတင်းများမှာ မိမိတို့ တိုင်းဒေ သကြီး ရဲတပ်ဖွဲ့ထံသို့ အတည်ပြုချက် ရယူထားသော သတင်းများမှာ မဟုတ်ကြောင်း၊ ယနေ့အချိန်ထိ အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း မတ်လ ၁၈ ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန် ရှိသူများက သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

“ဖြတ်သန်းခဲ့တဲ့ မြို့တွေကဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာတွေ လုပ်ထားတာ ပဲရှိပါတယ်၊ သပိတ် စစ်ကြောင်း ချီတက်တဲ့ကိစ္စနဲ့တော့ ခေါင်းဆောင်၃ ဦးကိုမြို့နယ် ၁၀ ခုက ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားတယ် ဆိုတာမဟုတ်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှုးဦးအောင်နိုင်မိုးကပြောသည်။

သို့သော်မတ်လ ၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တော် ခန်းမရှေ့တွင် ဧရာဝတီ ကျောင်း သား သပိတ်စစ်ကြောင်းမှ ကျောင်းသူကျောင်းသား ၂၀ ကျော်မှ ခွင့်ပြုချက်မရှိဘဲ ၇ နာရီ ကြာထိုင်သပိတ် ဆင်နွှဲ ခဲ့သဖြင့် ခေါင်းဆောင်ဖြစ်သူ ပုသိမ်နည်းပညာတက္ကသိုလ်မှ ဆရာဦးဝေယံ အောင်ကို  ပုဒ်မ ၁၈ ဖြင့်အမှုဖွင့် အရေးယူခဲ့ပြီး ၊ မအူပင်မြို့နယ်တွင် ကျောင်းသားကျောင်းသူ များကခွင့်ပြုချက် မယူဘဲ လိုက်လံ ဟောပြောခြင်း များပြုလုပ်ခဲ့သဖြင့် ဦးဝေယံအောင်နှင့် ကိုအောင်ခန့်ဇော်တို့ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ဖြတ်သန်း ချီတက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းကမြို့နယ်ရဲတပ်ဖွဲ့ တွေကပုဒ်မ ၁၈ နဲ့အရေးယူမယ် လို့သိရတယ်၊ ဒါပေမဲ့သတင်းက မခိုင်လုံပါဘူး၊ ဟိုကပြောဒီကပြောပါ။ သက်ဆိုင်ရာတွေ က ဒီနေ့ဒီအချိန်အထိတော့ တရားဝင်အကြောင်းကြား အသိပေးတာမျိုး မရှိသေးပါဘူး” ဟုဧရာဝတီကျောင်း သား သပိတ်စစ်ကြောင်းဦးဆောင်  ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုအောင်အောင် ကျော်မှ  မတ်လ ၁၈ ရက်နေ့က ပြောသည်။

ဧရာဝတီကျောင်းသာသပိတ် စစ်ကြောင်းအနေဖြင့ို စီတန်းလှည်လည်ခွင့် ကိုတင်မည်မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအနေ ဖြင့်ကျောင်းသားသပိတ်စစ်ကြောင်း တွင်ပါဝင်သူများကိုပုဒ်မ ၁၈ ဖြင့် အရေး မည် မဟုတ်ကြောင်း၊ သပိတ်စစ်ကြောင်းအနေဖြင့်လည်း အလံဖြုတ်ချခြင်း၊ အလံဇောက်ထိုး ဆွဲခြင်း၊ အဆောက်အဦးများ ဖျက်ဆီးခြင်းမပြုရန်တို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ နှင့် ဧ၇ာဝတီ ကျောင်းသပိတ် စစ်ကြောင်း ဦးဆောင်ကော်မတီတို့ နှစ်ဦးနှစ်ဖက်သဘောတူညီချက် ကတိက၀တ်တို့ပြုလုပ်ထားသဖြင့် ၀န်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်များက စောင့်ထိမ်းရန်သာဖြစ်ကြောင်း၊ မိမိတို့ကျောင်းသားများ အနေဖြင့် ကတိက၀တ်တည်ခဲ့ကြောင်း ဧရာဝတီသပိတ် စစ်ကြောင်းဦးဆောင် ကော်မတီဝင်များကဆို သည်။

ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ မအူပင် နည်းပညာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ အင်အား ၂၀၀ ခန့်ပါ ၀င်သော ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှစတင်၍ ပုသိမ်မြို့မှ
တဆင့် ကန်ကြီးထောင့်၊ကျောင်းကုန်း၊ပန်းတနော်၊ညောင်တုန်း၊ မအူပင်၊ကျိုတ်လတ်၊ဒေးဒရဲ၊ ဘိုကလေးနှင့် ဖျာပုံမြို့များသို့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ထိ သပိတ်မှောက်ချီတက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List