Wednesday, March 18, 2015

ကျောင်းသားသပိတ် အကြမ်းဖက်မှု ဆန့်ကျင်သည့် လက်ပတ်ဖြူဝတ်လှုပ်ရှားမှု ၁၉ မြို့နယ်တွင် ပြုလုပ်မည်


တက္ကသိုယ်ဝင်တန်း စာ မေးပွဲများ ဖြေဆိုပြီးပါက ကျောင်းသားသပိတ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် လက်ပတ်ဖြူဝတ် လှုပ်ရှားမှု မတ်လ ၁၉ ရက်တွင် မြို့နယ် ၁၉ ခု၌ တစ်ပြိုင်တည်း လှုပ်ရှား ဆောင်ရွက် မည်ဖြစ် ကြောင်း သတင်းရရှိသည်။
မန္တလေး၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ သာစည်၊ မြင်းခြံ၊ ပုသိမ်၊ မော်လမြိုင်၊ ပခုက္ကူ၊ ပြည်၊ ပျဉ်းမနား၊ မကွေး နှင့် အခြားမြို့နယ်များတွင် ပြု လုပ်မည်ဖြစ်ပြီး မြို့နယ်တစ်ခုလျှင် လက်ပတ်ဖြူ ၅၀၀ ခန့် ဝေ ငှမည်ဖြစ် သည်။

‘‘လက်ပံတန်းဖြစ်စဉ်နဲ့ မြို့ တော်ခန်းမရှေ့က လက်ပတ်နီ ၀တ်တွေနဲ့ ရဲတွေအကြမ်းဖက်မှု ဖြစ်စဉ်တွေကို အကြမ်းမဖက်တဲ့ အဖြူရောင်လှုပ်ရှားမှုပါ’’ ဟု ကဗျာချစ်သူများအဖွဲ့မှ ကဗျာဆရာ ကိုဆောင်းခက ပြော သည်။

လက်ပတ်ဖြူတန်ပြန်လှုပ် ရှားမှုကို မတ်လ ၁၃ ရက်မှစတင်ပြီးရန်ကုန်မြို့ လူစည်ကားရာနေရာ များသို့ သွားရောက်ကာ အစိုးရ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ပြည်သူများအား ရှင်းပြခဲ့သည်။

ထို့နောက် အစိုးရအပေါ် ကန့်ကွက်လိုသူများအား ကျောင်း သားကိုယ်စားပြု အစိမ်းရောင် ဖြင့် ‘‘We are Students Respect Our Rights’’ ဟု ရေးသားထား သည့် လက်ပတ်ဖြူများ ၀တ်ဆင် ပေးခဲ့ကြခြင်းဖြစ်သည်။

မတ်လ ၁၅ ရက်တွင် ရန် ကုန်မြို့အနှံ့ ပြုလုပ်ခဲ့သော လက် ပတ်ဖြူလှုပ်ရှားမှု၌ အင်းလျားကန်ပေါင်နှင့်မဟာ ဗန္ဓုလ ပန်းခြံ တို့တွင်သက်ဆိုင်ရာ အာဏာပိုင်များကခွင့်ပြုချက်ယူ၊ မယူလာရောက်မေးမြန်းမှုများ ရှိသော် လည်းတားဆီးကန့်ကွက်မှု မရှိခဲ့ပေ။

လက်ပတ်ဖြူဝတ်လှုပ်ရှားသူနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment

My Blog List