Wednesday, March 18, 2015

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အကြမ်းဖက်မှု ဆိုးရွားလာခြင်း ပါဝင်သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အစီရင်ခံစာကို ကုလလူ့အခွင့် အရေး ကောင်စီသို့ တင်မည်


လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွာလာခြင်း အပါအဝင် မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မတ်လ ၂၀ ရက်တွင် တင်ပြ သွားမည်ဖြစ် ကြောင်း ညီမျှခြင်း-မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
''မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာမှာ ကတိတွေပေးထားတာတွေကို ထိထိရောက်ရောက် လေးစား လုပ်ဆောင်ဖို့ ပျက်ကွက်နေဆဲပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ စုဝေးခွင့်တွေအပေါ် အကြမ်း ဖက်မှုတွေဆို ပိုတောင်ဆိုးဝါးလာပါတယ်။ ဒါတွေကို တင်ပြနိုင်ဖို့ အခုလို အစီရင်ခံစာ တင်သွင်းတာ ဖြစ် တယ်'' ဟု ပြောသည်။

အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍  မတ်လ ၁၇ရက် ပုဇွန်တောင်မြို့နယ်၊ Orchid ဟိုတယ်တွင် ပြုလုပ် သည့် နိုင်ငံတကာ အလှည့်ကျ သုံးသပ်မှု အစီရင်ခံစာအကြောင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာကို ရခိုင်ကျောင်းသားနှင့် လူငယ်များကွန်ရက်၊ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ Development Force၊ Equaility Myanmar၊ Gender Deverlopment Institude၊ မြန်မာနိုင်ငံ ဆရာများ အသင်းအဖွဲ့ချုပ်၊ ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း၊ ထားဝယ်လူငယ်များ အဖွဲ့အစည်း၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် အစရှိသည့် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၃၁ ဖွဲ့က အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခြင်းနှင့် ထုတ်ဖော်ပြောဆိုခွင့်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ မတရား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့နှင့် ပတ်သက်ပြီး ရေးသားထားသည်။         

လူ့အခွင့်အရေး မှတ်တမ်းတင်ကွန်ရက်မှ မလွေးပိုးငယ်က''တိုင်းရင်းသား တွေမှာ ဆက်လက် ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ကြောင့် အရပ်သားတွေကို မတရားဆက်ဆံမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အမျိုးသမီးတွေ အပေါ် လိင်အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာ ငြင်းလို့မရတဲ့ သက်သေတွေပါပဲ'' ဟု ပြောသည်။

အဆိုပါအစီရင်ခံစာတွင် အစိုးရထံအကြံပြုတိုက်တွန်းချက် ၃၆ချက် တင်ပြထားသည့်အထဲတွင်  လူ့အခွင့် အရေး ချိုးဖောက်မှု စွပ်စွဲချက်များအားလုံးကို လွတ်လပ်ပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်၊ အပြစ်ရှိနေသူများ အပြစ်မှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန်၊ အနိုင်ကျင့် အကြမ်းဖက် သူများအားလည်းကောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများအား နှောင့်ယှက်ဖမ်းဆီးသူများကို ချက်ချင်းရပ်တန့်ရန်တို့ ပါဝင်သည်။

နိုဝင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးတင်ပြရ သည့် နိုင်ငံအလိုက် အလှည့်ကျသုံးသပ် အစီရင်ခံရမည့်လုပ်ငန်း (Universal Periodic Review- UPR) သို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၃၁ ဖွဲ့က Burma/Myanma  UPR Forum အမည်ဖြင့် တင်သွင်း မည် ဖြစ်သည်။

အဆိုပါအစီရင်ခံစာကို သက်ဆိုင်ရာသုံရုံးများ၊ အစိုးရအဖွဲ့ရုံးများသို့ ဖြန့်ဝေမည်ဖြစ်ပြီး မတ်လ ၂၃ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ဇန်နဝါရီလအထိ ရန်ကုန်၊ မန္တလေး ၊ မော်လမြိုင်နှင့် ထားဝယ်တို့တွင် နိုင်ငံတကာ အားလုံးအလှည့်ကျ သုံးသပ်အစီရင်ခံရမည့်လုပ်ငန်းနှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List