Wednesday, March 18, 2015

တရုတ်နယ်စပ်သို့ကျရောက်ခဲ့သည်ဟုဆိုသော ဗုံးဆန်နမူနာအား နှစ်နိုင်ငံ ပူးပေါင်းအဖွဲ့စစ်ဆေးချက်အဖြေပေါ် နှစ်နိုင်ငံအရေးဆက်လက်ဆွေးနွေးမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ပြော


တရုတ်နိုင်ငံ နယ်စပ်ဒေသသို့ ကျရောက်ခဲ့သည်ဟုဆိုသော ဗုံးဆန်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ~ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ဗုံးဆန်နမူနာယူကာ စစ်ဆေးနေ ပြီး အဆိုပါ စစ်ဆေးချက် အဖြေပေါ် မူတည်ကာ နှစ်နိုင် ငံအရေး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ခေါင်းဆောင်သော ကိုးကန့်တိမ်း ရှောင် အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲများ အတွင်း တရုတ်-မြန်မာ နယ်စပ်နှင့် ထိစပ် နေသည့် တရုတ် နိုင်ငံအတွင်းသို့ ကျရောက်ခဲ့သည့် ဗုံးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် သတင်းစာများနှင့် အရာရှိများက တပ်မတော်အား စွပ်စွဲပြောဆိုထား မှုနှင့်ပတ်သက်၍ မှန်ကန် သည့် ဖြစ် ရပ်နှင့် ဆောင်ရွက်နေသည့် အခြေ အနေအပေါ် မတ် ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တနားချိန် တွင် ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာများအား ယင်းကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။

''မနေ့က (မတ်လ ၁၇) ကျွန် တော်တို့ဆီကအဖွဲ့နဲ့ တရုတ်နိုင်ငံက ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ ကျည်ကွဲ ခဲ့တဲ့နေရာကို သွားကြည့်ခဲ့တာပေါ့။ ကျည်ကွဲတဲ့နေရာက ကျည်ကွဲစကိုနမူနာ သွားယူတာပေါ့ ။ နမူနာ ယူပြီးတော့မှ ဘာအမျိုးအစားဆို တာစစ်ဆေးရမှာ။ စစ်ဆေးပြီးမှ သိရမှာ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က ပြောသည်။

ယင်းဗုံးဆန်အား စစ်ဆေးရာ တွင် နှစ်နိုင်ငံကျွမ်းကျင်သူများက စစ်ဆေးမည်ဖြစ်ကြောင်း ယင်းက ထပ်လောင်းပြောကြားခဲ့သည်။ ''ကျည်ကွဲစကိုစစ်ကြည့်လိုက်ရင် ဒီကျည်ကွဲစဟာ လေယာဉ်ပေါ်က ဗုံးလား။ မြေပြင်ကပစ်တဲ့ဗုံးလား။စိန်ပြောင်းကျည်လား ခွဲလို့ရတာပေါ့။ ဒါကို နှစ်ဖက်ကျွမ်းကျင်သူတွေ လုပ် မှာပေါ့။ ကျည်ကွဲစရဲ့အဖြေပေါ်မူ တည်ပြီးတော့ ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ပြီး တော့ ဆွေးနွေး ရမှာပေါ့''ဟု ယင်းက ဆက်လက်ပြောသည်။

မတ် ၁၃ ရက်တွင် တရုတ်-မြန် မာနယ်စပ်အနီး တပ်မတော်နှင့် ကိုး ကန့်တိမ်းရှောင်အဖွဲ့များကြား တိုက် ပွဲများကြောင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် လင်ချန်းမြို့အနီး ကျေး ရွာတစ်ခု အနီးရှိ ကြံစိုက်ခင်းတွင် ဗုံးတစ်လုံးကျရောက်ခဲ့ကာ တရုတ် နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိမှုအပေါ် နှစ်နိုင်ငံမှ တာဝန်ရှိသူအစိုးရအဖွဲ့များက စစ် ဆေးနေခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ တရုတ်နိုင်ငံရှိ မြန်မာသံအမတ်ကို ခေါ်ယူပြောကြား ခဲ့မှု များလည်း ရှိခဲ့ကာ မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နယ်စပ်တည်ငြိမ် ရေးကို ပျက်ပြား စေလို သည့် ကိုးကန့် လက်နက်ကိုင်များပါဝင်ခြင်း ရှိ၊ မရှိကို ဖော်ထုတ်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထား သည်။   

MP, YM
#Democracytoday

No comments:

Post a Comment

My Blog List