Friday, March 20, 2015

ဆိုလာ လေယာဉ် မန္တလေးမြို့ကို ရောက်ရှိ




















ကမ္ဘာ့ပထမဆုံး နေစွမ်းအင်နဲ့ ကမ္ဘာပတ်ခရီးစဉ်ကိုပျံသန်းနေတဲ့ Solar Impulse-2 လေယာဉ်ဟာ အိန္ဒိယ နိုင်ငံဗာရာဏသီ မြို့ ကနေ တဆင့် မြန်မာနိုင်ငံ မန္တလေးမြို့ကို မတ်လ၁၉ရက်ညက ဆိုက်ရောက်လာပါတယ်။

လေယဉ်မှူး Bertrand Piccardနဲ့ Andre Borschberg တို့နှစ်ဦးက ကမ္ဘာပတ် ခရီးစဉ်ရဲ့ ၄ ခုမြောက် အပိုင်း ဖြစ်တဲ့ ဗာရာဏသီ မြို့ကနေ မန္တလေးမြို့အထိ ပျံသန်းခဲ့တဲ့ ခရီးမှာ ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ကျော်ခဲ့ရသလို မြင့်မားတဲ့ ရိုးမ တောင်တန်းကိုပါ ဖြတ်ကျော်ခဲ့ရပြီး စုစုပေါင်း အကွာအဝေး ကီလိုမီတာ ၁၄၀၀ လောက် ရှိခဲ့ပါတယ်။

ဆီတစက်မှ အသုံးပြုစရာမလိုတဲ့ ဆိုလာအင်ပတ်စ် လေယဉ်ရဲ့ အလေးချိန်က မော်တော်ကားကြီး တစီးစာသာရှိပါတယ်။ ဒါပေမယ့် လေယဉ်ရဲ့ တောင်ပံတွေက သာမန်ခရီးသည်တင် လေယဉ်ပျံတွေနဲ့ အလားတူရှည်လျားပါတယ်။

ဆွစ်နိုင်ငံလုပ် Solar Impulse-2 လေယာဉ်ဟာ မတ်လ ၉ ရက်နေ့က ယူအေအီး နိုင်ငံ အဘူဒါဘီ မြို့ကနေ ကမ္ဘာပတ် ခရီးစဉ် စတင်ခဲ့ပြီးနောက် ခုချိန်အထိ ကီလိုမီတာ ၄၅၀၀ လောက် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။

ခရီးစဉ် နောက်တစ်ဆင့် အဖြစ် မန္တလေးကနေ တရုတ်နိုင်ငံ ချုံချင်းမြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List