Wednesday, March 18, 2015

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် အန်စီစီတီ ဒုတိယ ခေါင်းဆောင်နဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော် ပြောကြားသည့် မိန့်ခွန်း


ကိုယ်စားလှယ်များအနေနဲ့ စုံစုံလင်လင်တက်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါ တယ်။ ကျန်တော်တို့ ဒီတကြိမ်အစည်းဝေးမှာ ကေအိုင်အိုအနေနဲ့ အဖွဲ့ငယ်လေး တဖွဲ့ ဖွဲ့ပြီး ဆင်းလာတာ ဖြစ် ပါတယ်။ ကျန်တော်တို့ ဒီအဖွဲံ့မှာ ဗဟိုကော်မတီဝင် ၃ ဦးပါဝင်ပြီး ဒေါက်တာ လဂျာ အထွေထွေအတွင်းရေးမှူး ၊ ဆရာကြီး ဦးဆွမ်လွတ်ဂမ်နဲ့ ကျန်တော်တို့ သုံးယောက် ဖြစ်ပါတယ်။ ကျန်တော်တို့ရဲ့ ၈ ဦးက မန္တလေးမှာ ဆုံပြီးတော့မှ နေပြည်တော်မှာ ဒုတိယ သမ္မတနဲ့ စတွေ့ တယ် ပြီးတော့မှ သမ္မတ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။
ဒီတကြိမ်အစည်းဝေးမှာ ကေအိုင်အိုရဲ့ ဗဟိုကော်မတီဝင်များက လေ့လာ သူတွေအဖြစ် လာရောက်ပြီးတော့ တက်ရောက်လာတာဖြစ်ပါတယ်။ လိုအပ်ရင် ကျန်တော်တို့ဘက်ကလည်း ဆွေးနွေးညှိနှိုင်းအဖြေရှာပေး သွားမှာ ဖြစ်ပါတယ်။ ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ကလည်း နိုင်ငံတော် မှာရှိတဲ့ အကြီးကဲတွေဖြစ်တဲ့ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်ပါတယ် ။ တွေ့ဖို့လည်း နှစ် ဘက် အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမဲ့ ကျန်တော်တို့ မတွေ့နိုင်ခဲ့ပါဘူး။ အခုတကြိမ်ကျမှ အစည်းဝေးလာရင်း ကျန်တော်တို့ ဆုံတွေ့နိုင်ခဲ့တာ ဖြစ် ပါတယ်။ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ကြိးများကို ကျန်တော်တို့ ကေအိုင်အိုရဲ့ သဘောထား ရှေ့မျှော်မှန်းချက်များကို တင်ပြနိုင်ခဲ့ပါတယ်။ ကျန်တော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြ ပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ကျန်တော်တို့ စက်တင်ဘာလကတည်းက ရပ်နားခဲ့ရတဲ့ ဆွေးနွေးပွဲတွေက အခြေနေ အမျိုးမျိုးကြောင့် တချို့ အပိုင်းမှာ မပြေလည်ခဲ့ပါဘူး။ နှစ်စပိုင်းမှာဆိုရင် အန်စီစီတီဘက်က တောင်း ဆိုခဲ့တာ ကတော့ ဆွေးနွေးပွဲအချို့ကို ကချင်ပြည်နယ်မှာ လုပ်ဖို့ တောင်းဆိုခဲ့တယ်။ ဘယ်လို ကိစ္စပဲ ဖြစ်ဖြစ် ကျန်တော်တို့ဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ အလေးပေးရမှာဖြစ်တဲ့အတွက် အစိုးရနဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေကို အရင်အတိုင်းပဲ ဆက်လုပ်ဖို့ စီစဉ်လာရခြင်း ဖြစ်ပါ တယ်။ နောက်တခု ရည်မှန်းချက်ကတော့ ကျန်တော်တို့က နိုင်ငံတော်မှာ သွားနေတဲ့ လမ်းစဉ်အရ အချိန် အကန့်သတ် ရှိတယ် ဆိုတာ သဘောပေါက်နားလည်ပါတယ်။

ဒီကနေ့ အားလုံးသိတဲ့အတိုင်းပဲ ဆွေးနွေးပွဲအစပိုင်းမှာ ပဋိပက္ခလျှော့ချရေး ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ မမျှော်လင့်တဲ့ အခက်ခဲတွေရှိတယ်ဆိုတာ နှစ်ဘက်စလုံးကလည်း သိကြမှာပါ။
ဒီလိုဆွေးနွေးတဲ့အခါမှာ တဘက်နဲ့တဘက် အပြန်လှန် အပြစ်ရှာပြီးပြောတဲ့ ပုံစံမဟုတ်ပဲနဲ့ ကောင်းမွန်တဲ့ပုံစံ နဲ့ ဆွေးနွေးမှုတွေလုပ်ဖို့လိုလားပါတယ်။

အဲဒီအခြေနေတွေကနေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကို လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားကြ မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒီကို ရောက်လာတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ အချို့အချက်တွေ ကျန်ပါသေးတယ်။ သို့သော်လည်းပဲ ကျန်တော်တို့ ဒီအချိန်မှာ နားလည်မှု အပြည့်နဲ့ဆွေးနွေးကြမယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နိုင်အောင်ဆွေးနွေးကြမယ်လို့ ဆုံးဖြတ်ထားပါတယ် ။ ပြည်ထောင်စုနေ့ လက်မှတ် မထိုးနိုင်ခဲ့ပေမဲ့ အဲဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျန်တော်တို့ရဲ့ သဘောထားကတော့ ပြည်ထောင်စုထဲမှာ အတူ တကွနေ ထိုင်ဖို့ ဆန္ဒရှိတယ်။ ဒီကိစ္စကို ကျန်တော်တို့အမြဲ လက်ကိုင်ထားတယ်ဆို တဲ့အကြောင်းနဲ့ ဖော်ပြ ထားတယ်။ ပြီးတော့ ကေအိုင်အို အနေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို အောင်မြင်အောင် ဆောင်ရွက် သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားတာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီကနေ့ ဒီနေရာမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိ သူများ လေ့လာသူများ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ သတင်းမီဒီယာများ အားလုံးအနေနဲ့ ဆွေးနွေးပွဲများကို အပြုသဘောဆောင်စွာ နဲ့ ဆွေးနွေး ကြပြီး အမြန်လက်မှတ် ရေးထိုးနိုင်ကြပါစေကြောင်း ဆုတောင်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List