တရုတ်သမ္မတ ရှီကျင့်ဖျင့်ရဲ့ အကျင့်ဖျက်ခြစားမှု တိုက်ဖျက်ရေးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ် စစ်တပ် ထိပ်တန်း အရာရှိက ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပါတယ်။တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ ဒုတိယ အဆင့်မြင့်ဆုံး ထိပ်တန်းအရာရှိလည်းဖြစ် ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌလည်းဖြစ် ကွန်မြူနစ်ပါတီရဲ့ ၂၅ ဦး ပေါ်လစ်ဗျူရိုရဲ့ အဖွဲ့ဝင် ရှုဆိုင်ဟို သေဆုံးသွားတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေး ပါတယ်။
အစောပိုင်းကနည်းက ကျန်းမာရေးမကောင်းတဲ့ သတင်းတွေကို ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သူရဲ့ ရာထူးကို သုံးပြီး တခြားလူတွေ ရာထူးတိုးအောင် ကူညီရာမှာ ငွေတွေအမြောက်အမြားကို ရှုက ရယူခဲ့တယ်လို့ သတင်းကရေးပါတယ်။
တရုတ်နိုင်ငံအကျင့်ပျက် ခြစားမှုတိုက်ဖျက်ရာမှာ ဖမ်းဆီးစစ်ဆေးခံရတဲ့ အထဲမှာ ရှုဟာ အဆင့်အမြင့်ဆုံး ရာထူး ရယူထားတဲ့သူတဦးလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ စစ်တပ်ကနေ အငြိမ်းစား ယူလိုက်ပေမယ့် အရင်နှစ်ကစတင် စစ်ဆေးခံနေရတာ ဖြစ် ပါတယ်။
ဒီနောက်ပိုင်းမှာတော့ အာဏာရပါတီကနေ ထုတ်ပယ်ခံရပြီး တရားစွဲဆိုဖို့ ဥပဒေအရာရှိတွေထံ လွဲပေးခဲ့သလို သူရဲ့ ဗိုလ်ချုပ်ရာထူးကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။
DVB

No comments:
Post a Comment