Sunday, November 30, 2014

အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အာဏာလွန်ဆွဲမှု ကြီးမားလာနေပြီလား


လက်ရှိမြန်မာ့နိုင်ငံရေးဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်၃ရပ် ပိုင်ခြားအုပ်ချုပ်တယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာလွန်ဆွဲမှုဟာ ကြီးမားလာတယ်လို့ ၈၈မျိုးဆက်အဖွဲ့က ကိုမြအေးက နိုဝင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

၆ပွင့်ဆိုင်ကို အုပ်ချုပ်ရေးဘက်က ငြင်းတဲ့ကိစ္စ ဘယ်လိုယူဆသလဲ။

ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင်ကို အစိုးရဘက်က ငြင်းထားတာကြောင့် အစိုးရ ဘက်မှာ အာဏာနဲ့ပတ်သက်ပြီး အတွင်းပဋိပက္ခ ကြီးကြီးမားမားရှိနေတယ်လို့ ယူဆတဲ့အကြောင်း၊ ဒီ အခြေအနေဟာ တိုင်းပြည်ရုတ်ချည်း တိမ်းစောင်းသွားနိုင်တယ်လို့ မျက်မှောက်ခေတ် နိုင်ငံရေးသုံးသပ်
ချက်များဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးဟာ ဖြေလျော့တဲ့အဆင့် Liberalizationမှာပဲ ရှိနေသေးပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA စတာတွေ ကျော်လွှားနိုင်ပြီဆိုရင်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ရောက်ပြီလို့ ကိုမြအေးက ဆိုပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေဟာ အီလည်လည်ဖြစ်လာနေပြီး ဖြေလျော့တဲ့အဆင့် Liberalization တောင် ရပ်တန့်သွားတဲ့အနေအထားဖြစ်တာကြောင့် အန္တရာယ်များတဲ့ကာလတစ်ခုကို စိန်ခေါ်မှုကြီးနဲ့ ဖြတ်သန်းရ မယ်လို့ ဆိုပါတယ်။

လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဒေါက်တာအေးမောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တဲ့ ၆ပွင့်ဆိုင်တွေ့ဆုံရေးကို တိုက်တွန်းခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က လက်မခံတဲ့အကြောင်းနဲ့ လက်တွေ့မကျတဲ့အကြောင်း ပြောဆိုပြီး ပယ်ချထားပါတယ်။

Kamayut Media 

No comments:

Post a Comment

My Blog List