Sunday, November 30, 2014

ရှမ်းပြည် ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချမည်ဟု ဒုသမ္မတပြောကြားချက် မဖြစ်နိုင်ဟု ဆို



တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ရှမ်း ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဟု ရှမ်းတိုင်းရင်းသားဖြစ်သည့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆို ခဲ့သော်လည်း ကျန်ရှိသည့် သက်တမ်းတစ်နှစ် အတွင်းတွင် မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောဆိုလိုက်သည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် လူမှုစီးပွားစစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု ၄၆ ရာခိုင်နှုန်း အထိ ရှိသည်။ ယခုနှစ်ပိုင်း တွင် ရှမ်းပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုကို ၂၃ ရာခိုင်နှုန်းကျော်အထိ ထက်ဝက် လျော့ကျအောင် ကြိုးစား ဆောင်ရွက်နေသည်ဟု ဒုတိယသမ္မတ က နိုဝင်ဘာ ၂၂ ရက် နံနက် ပိုင်းက ပြုလုပ်သည့် ရှမ်းနှစ် ၂၁၀၉ ခုနှစ်အ ကြို နှုတ်ဆက်မိန့်ခွန်းတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျော့ ကျစေရန်အတွက် ချေးငွေထုတ်ချေး ပေးမှုများ ရှိသည်ဆိုသော်လည်း ပြည် ခိုင်ဖြိုးပါတီမှ လူများသာ ကျိတ်ယူခဲ့ ကြခြင်းကြောင့် လယ်သမားများ မရရှိခဲ့ကြောင်း၊ သမဝါယမမှ ချေးငွေ များ ထုတ်ပေးနေသော်လည်း ထုတ် ပေးသည့် ချေးငွေပမာဏသည်လည်း နည်းပါးသည်ဟု ဦးရဲထွန်းက ပြောသည်။



ဒီဒေသတွေမှာဆင်းရဲမှုကို ပ ပျောက်စေချင်တယ်ဆိုရင် လမ်းပန်း ဆက်သွယ်ရေး ကောင်းဖို့လိုတယ်၊ ကျွန်တော်တို့ ရှမ်းပြည်နယ်က ရာသီ ဥတုက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ စာရင်ကောင်းတယ်။ နောက် တရုတ် ပြည်လည်း နီးတဲ့အခါကျတော့ စိုက် ပျိုးရေး ထွက်ကုန်တွေအတွက် အား သာချက်ရှိတယ်} ဟု ဦးရဲထွန်းက ပြောသည်။

တရုတ်ပြည်နှင့် နီးစပ်သည့် ရှမ်း ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ် ကိုင်သည့် တောင်သူများအဖို့ ဒေသ ထွက်ကုန်များ ရောင်းချရာတွင် သယ် ယူစရိတ် ပိုမိုသက်သာသည်။ ရှမ်းပြည် နယ်ထွက် ပြောင်းဖူးများကို တရုတ် နိုင်ငံမှ တရားဝင် ဝယ်ယူမှု မရှိသော် လည်း ကုန်သည်များမှ တစ်ဆင့် ခိုး သယ်မှုများရှိနေပြီး ပြောင်းဖူးစိုက် ဧကမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာကြောင်း သီပေါဒေသ ခံ ပြည်သူတစ်ဦးက ပြောသည်။

ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန် စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တောင် သူများအတွက် တရုတ်ပြည်နှင့် ဈေး ကွက်ချိတ် ဆတ်ခြင်းမျိုးကို အစိုးရအ နေဖြင့် အာရုံစိုက် လုပ်ကိုင်ပေးသင့် သည်ဟု ထင်မြင်ကြောင်းလည်း ဦး ရဲထွန်းကဆိုသည်။

အစိုးရက ငွေလေးနည်းနည်း ပါးပါး ထုတ်ချေးပေးတာတို့ ဟိုဟာ ဒီဟာ စက်ကလေးတွေ ဝယ်လာပြီး ရောင်းပေးတာတို့ အဲဒီလောက်နဲ့က ကျွန်တော့် အမြင်ကတော့ စီးပွားရေး သိပ်မလုပ်တတ်ဘူးလို့ပဲ ထင်တယ်။ အမှန်တကယ် က စိုက်ပျိုးရေး နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်တို့ နည်းပညာတို့၊ အရင်းအနှီးတို့ လို တာပေါ့။ အဲဒါတွေမှာ ဘာတွေက အဟန့်အတား ဖြစ်နေ သလဲဆိုတာ ကို သိဖို့လိုတယ် ဟု ဦးရဲထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုး ရေးတောင်သူများသည် သီးနှံစိုက် ပျိုးရန်အတွက် မျိုးစေ့အကြွေးယူရခြင်း များ၊ ဓာတ်မြေဩ ဇာ အကြွေးယူရ ခြင်းများ၊ ငွေးချေး ယူရခြင်းများ ရှိနေ ဆဲဖြစ်ကြောင်း သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အကြွေးယူမယ်ဆိုရင် မြို့ပေါ်က ကုန်သည်ကြီးကလည်း တောကထွက်ဆင့်ပွားဖြစ်မယ့် လူကို ငါးကျပ် တိုး လောက်နဲ့ပေး လိုက်ရင် အဲဒီလူက ထပ်ပြီးတော့ တင်တာဆိုတော့ အဲဒါမျိုးတွေကို ဘယ်လိုအစိုးရက လုပ်ပေးမလဲ။ အဲဒါတွေကို ကုန်သည် တွေနဲ့ သေသေချာချာ လုပ်ပေးရင် ပိုကောင်းတာပေါ့။ လက်တွေ့ကျ တဲ့ ပြဿနာတွေကို သေချာလေ့လာ ပြီးတော့ လက်တွေ့ကျကျ ဖြေရှင်း ပေးတာ မျိုး ဖြစ်စေချင်တာပေါ့ ဟု ၎င်းကဆိုသည်။

ဆင်းရဲနွမ်းပါးမှုအား အမှန်တ ကယ် လျှော့ချလိုသည်ဆိုပါက အထက်လူကြီးများ ကိုယ်တိုင် တောင်သူများ၏ အခက်အခဲ များကို နားလည် ရန် လိုအပ်သည် ဟုလည်း ဦးရဲထွန်း ကပြောသည်။

ဒုသမ္မတ၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးတို့၊ သမဝါယမဝန်ကြီးတို့က အဲဒီ တောင်သူတွေထဲမှာ ဆင်းပြီး တကယ့်အခက် အခဲတွေကိုနားလည် ဖို့လိုမယ်ထင်တယ်။ နောက်ပြီး တောင်သူတွေအားလုံးဆီကိုအပျံ့အနှံ့ရောက်ရှိနိုင်တဲ့ နည်းသုံး ရင်ပိုထိရောက်မယ် လို့ ထင်တယ် ဟုဦးရဲထွန်းက ၎င်း၏ ထင်မြင်ချက်ကို ဆက်လက်ပြော ဆိုခဲ့သည်။

ဇော်မင်းထွန်း

The Ladies News Journal

No comments:

Post a Comment

My Blog List