Friday, December 05, 2014

မျိုးစောင့်ဥပဒေများနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌများထံ ခွင့်ပြုချက်ယူပြီး ဆွေးနွေးပွဲကျင်းပနိုင်



တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ အပါအ၀င် ဥပဒေကြမ်းလေးခုနှင့် ပတ်သက်၍ လူ့အခွင့်အရေးရှု ထောင့်၊ ဥပဒေရေးရာအပါအ၀င် အပြန်အလှန် ဆွေးနွေးမှုများ၊ ဆွေးနွေးဖလှယ်ပွဲများကို သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများထံ ခွင့်ပြုချက်တောင်း၍ ပြုလုပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။
‘‘ဘယ်လိုအမြင်တွေပဲဖြစ် ဖြစ် လွှတ်တော်က ကြိုဆိုပါတယ်။အကြံပြုချက်တွေကို တိုက်ရိုက် ရေးပြီး တင်ပြနိုင်သလို ဆွေးနွေး ပွဲတွေ လုပ်ချင်ရင်လည်း သက် ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌတွေကို တောင်းဆိုပြီး လက်ခံပူးပေါင်း ဆောင်ရွက်ပေး ပါမယ်’’ဟု ၎င်းကပြောကြားသည်။

ဥပဒေကြမ်းလေးခုမှာ ပြည် ထောင်စုလွှတ်တော်သို့ ရောက်ရှိ နေပြီဖြစ်ပြီး ပြည်သူ့လွှတ်တော် တွင် နှစ်ခု၊ အမျိုးသား လွှတ်တော် တွင် နှစ်ခုစီဆွေးနွေးရန် ပြည် ထောင်စုလွှတ်တော်နာယကက လမ်းညွှန်မည် ဖြစ်သည်။ ထို့အပြင်လွှတ်တော် အသီးသီးသို့ ဥပဒေ ကြမ်းများရောက်ရှိလာပြီး ဆွေး နွေးရန် ဆုံးဖြတ်ပြီးနောက် မည် သည့်အကြံပြုချက်ကိုမဆို လွှတ် တော်ဥပဒေကြမ်းကော်မတီသို့ ပေးပို့နိုင်ကြောင်း ဦးတီခွန်မြတ်က ဆိုသည်။

ထို့ပြင် ဥပဒေကြမ်းများ ရောက်ရှိလာသည်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီလေ့လာမည်ဖြစ်ပြီး လွှတ်တော်ပြင် ပဝေဖန်အကြံပြုချက်များကိုပါ အလေးထားမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

‘‘ဒီဥပဒေကြမ်းတွေ ကျွန် တော်တို့ဆီရောက်လာတာနဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီကို ကြည့်ပါတယ်။ ပြီးတော့ ဘာသာ ရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မထိခိုက်စေချင်သလို ဖွဲ့စည်းပုံက ပေးထားတဲ့ အမျိုးဘာသာ သာသနာအတွက်လည်း ခိုင်ခိုင်မာမာရပ်တည်ဖို့လည်း လိုပါတယ်။ ဒီဥပဒေကြမ်းတွေကို ဆွေးနွေးတဲ့အခါမှာ ဘာသာရေးဆိုင်ရာအကြံပြုချက်တွေရော ဥပဒေပညာရှင်တွေရဲ့ အမြင်ကိုပါယူပြီးတော့ ဆောင် ရွက်မှာ ဖြစ်တယ်’’ဟု၎င်းက ပြောသည်။

ဥပဒေကြမ်းလေးခုတွင် တစ်လင်တစ်မယားစနစ်ကို အမျိုးသမီးများက ကြိုဆိုသော်လည်း မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမှာမူ အမျိုးသမီးများ၏ အခွင့်အ ရေးနှင့် တစ်ဦးချင်းလွတ်လပ်ခွင့် ကို ချိုးဖောက်ရာ ရောက်ကြောင်း ကျား၊ မတန်းတူညီမျှမှု ရေးရာ ဆောင်းပါးများဖော်ပြနေသည့် မဇ္ဈိမမီဒီယာမှ ဒေါ်သင်းသင်းအောင်က ပြောသည်။

‘‘ဒီထိမ်းမြားခြင်းဥပဒေက တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရော၊ လူ့အခွင့်အရေးအရရော စီ ဒေါ (CEDAW-ကုလ အမျိုးသမီး များကို နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ဆက်ဆံခြင်းအား ဆန့်ကျင်ခြင်း ဆိုင်ရာစာချုပ်)နဲ့ပါ ဆန့်ကျင်နေတယ်။ အမျိုးသမီးတွေရဲ့ လွတ် လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို မပိတ်ပင်သင့်ဘူး’’ဟု ၎င်းက ပြောသည်။

ကိုးကွယ်ခြင်း၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေတွင် လည်း မှတ်ပုံတင်အဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းက အစိုးရ၀န်ထမ်း ခုနစ်ဦးနှင့် ကျန်အစ္စလာမ်၊ ဟိန္ဒူ နှင့် ခရစ်ယာန်တို့မှ ဘာသာဝင် တစ်ဦးစီပါဝင်မည် ဖြစ်သည်။

လူဦးရေတိုးပွားနှုန်းထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှုဥပဒေမှာလည်း ဒေသ တစ်ခုတည်းကို ကွက်၍ သားဆက် ခြားနှင့် ကျန်းမာရေးပညာပေး စောင့်ရှောက်မှုများကို အစိုးရက သတ်မှတ်ထိန်းချုပ်မည့် သဘော ဖြစ်ကြောင်း ဥပဒေပညာရှင်များ က ဝေဖန်ထားသည်။

အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကြမ်းထုတ်ပြန်ခဲ့စဉ်ကလည်း အရပ်ဘက်အဖွဲ့အစည်းများ၏ ပြင်းထန်သည့် ကန့်ကွက် ဆွေးနွေးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး လွှတ်တော်တွင် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဥပဒေကြမ်း ကော်မတီအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များပါ ၀င်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရသည်

7Day Daily

No comments:

Post a Comment

My Blog List