Wednesday, December 03, 2014

အစ္စရေးဝန်ကြီးချုပ်က ဝန်ကြီးနှစ်ဦးကို ဖယ်ရှား၊ ရွေးကော်ပွဲကျင်းပမယ်



အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပမယ်လို့ ပြောလိုက်သလို အဓိက ဝန်ကြီးနေရာ ယူထားသူ နှစ်ဦးကိုလည်း အလုပ်က ထုတ်ပစ်လိုက်ပါတယ်။ သူနဲ့ အမြင်ချင်းမတူတဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ တရားရေးရာ ဝန်ကြီးတို့ကို အလုပ်ထုတ်လိုက်တာ ဖြစ်ပြီး သူ့အစိုးရအတွင်းမှာ အတိုက်အခံပြုသူတွေကို ဆက်သီး မခံတော့ဘူးလို့လည်း အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီအတိုင်းပဲ အစိုးရကိုရော၊ နိုင်ငံကိုရော အုပ်ချုပ်လို့ မရနိုင်တဲ့အကြောင်း၊ ဒါကြောင့် ဝန်ကြီးနှစ်ဦးဖြစ်တဲ့ Lapid နဲ့ Livni ကို ရာထူးက ထုတ်ပယ်ကြောင်း စာကို ထုန်ပြန်ပေးဖို့ တောင်းဆိုခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီလို အလုပ်ထုတ်လိုက်ပြီးနောက် ပါလီမန်ကိုလည်း ရက်ပိုင်းအတွင်း ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လက်ရှိညွန့်ပေါင်း အစိုးရက ထောက်ခံမယ့် အနေအထားရှိတယ်လို့ သုံးသပ်ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ ၂၀၁၅ ခုနှစ် ဘတ်ဂျက် ပေါ်လစီနဲ့ ပတ်သက်ပြီး ဆန့်ကျင်သူတွေ ပေါ်လာသလို ဂျူးလူမျိုးတွေကို မြင့်တင်မယ့် ပေါ်လစီကြောင့်လည်း ပါတီတွင်း အတိုက်အခံတွေ ပေါ်ထွက်လာတာပါ။

ဂျူးတွေကို မြင့်တင်လိုက်ရင်တော့ အာရပ်လူနည်းစုတွေကို စော်ကားရာ ရောက်နိုင်တယ်ဆိုပြီး ပါတီဝင် တချို့က ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလောက်မှ ကျင်းပရမှာ ဖြစ်ပေမယ့် ၂၀၁၅ ခုနှစ် မတ်လလောက်မှာ ကျင်းပနိုင်တယ်လို့လည်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List