လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာရ် ( ခေါ်) အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းလက်မှတ်တွေကောက်ယူနေပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြရင် ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
အဲ့ဒီလက်မှတ်တွေကို အမျိုးသားလွှတ်တော်ဥက္ကဌကတဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဆီ တင်ပြရ မှာဖြစ်ပြီး ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ မရှိကို ဆုံးဖြတ်ချက် ရယူသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာလည်း ပီအာရ်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် အရင်ကျင့်သုံးခဲ့တဲ့ FPTP နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကတော့ ပီအာရ်စနစ်ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment