Thursday, December 04, 2014

ရန်ကုန်မြို့တွင် ခုံးကျော်တံတားသစ် ၃ စင်း တည်ဆောက်မည်



လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့မှာ ခုံးကျော်တံတား ၃ စင်း တည်ဆောက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ ပြောကြား လိုက်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက် လွှတ်တော်ကို ရှင်းလင်းတင်ပြစဉ် ပြောကြားလိုက်တာဖြစ်ပြီး ခုံးကျော်တံတားသစ် တည်ဆောက်မယ့် နေရာတွေကတော့ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့မှာ တည်ဆောက်ဖို့ လျာထားတာပါ။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အထူးစီမံကိန်းလုပ်ငန်းတွေဖြစ်တဲ့ တာမွေမြို့နယ်တာမွေခုံးကျော်တံတား တည်ဆောက် ရန်အတွက် ၂၂.၅ ဘီလီယံ၊ မရန်းကုန်းမြို့နယ် ၈ မိုင်လမ်း ဆုံတည်ဆောက်ရန်အတွက် ၁၆.၄၅ ဘီလီယံ၊ ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရန်အတွက် ၁၅.၄ ဘီလီယံလျာထားပါတယ်” လို့ ၀န်ကြီးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းဖို့အတွက် ရန်ကုန်မြို့တွင်း အရေးကြီးမီးပွိုင့် ၆၅ ပွိုင့်ကို control center တွေနဲ့ ထိန်းချုပ်ခြင်းလုပ်ငန်းကို အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းပြီး Transpiration လုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရက စတင်ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ ဘီလီယံ ၃၀ လျာထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ ပြည်လမ်း မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ တည်ဆောက်နေတာဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၆ ဘီလီယံကနေ ၁၈ ဘီလီယံ ရှိနိုင်တယ်လို့သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List