Friday, December 05, 2014

ကွမ်တုံနှင့် မန္တလေးကို ညီအစ်ကိုပြည်နယ်များအဖြစ် သတ်မှတ်ကာ စီးပွားရေးအရ ပူးပေါင်းရန် ကမ်းလှမ်း


တရုတ်နိုင်ငံမှ ကွမ်တုံ ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို   ညီအစ်ကိုပြည်နယ်များအဖြစ် သတ် မှတ်၍ ကွမ်တုံ ပြည်နယ်တွင် မြန်မာကောင်စစ် ဝန်ချုပ်ရုံးထားရှိကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ် နိုင်ငံက ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ရှန်ရှီးပြည်နယ် နှင့် ယူနန်ပြည်နယ်များ၏ ပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ များ၏ ဖိတ်ကြားချက်များအရ ပြီးခဲ့သည့်အောက်တိုဘာအတွင်း က မန္တလေးတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့၏ ၁၀ ရက်ကြာ လေ့လာရေးနှင့် ချစ်ကြည်ရေးခရီး သွားရောက်စဉ် ကွမ်တုံပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်း ကော်မတီဝင်များက ကမ်းလှမ်းခဲ့ ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

‘‘ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် သူတို့ဘက်က ကောင်စစ်ဝန်ရုံး ဖွင့်ပေးစေလိုတဲ့ အကြောင်း ပြောတာပါ။ ကျွန် တော်တို့တိုင်းဒေသကြီးအနေနဲ့ ဆုံးဖြတ်ခွင့်မရှိတဲ့အတွက် နိုင်ငံ တော်သမ္မတကြီးကို တင်ပြထား ပါတယ်’’ဟု ဦးဝင်းမောင်က ပြော သည်။ ကွမ်တုံပြည်နယ်သည် တရုတ်နိုင်ငံ၏ အတွင်းပိုင်း တွင် တည်ရှိကာ ပင်လယ်ကမ်းရိုးတန်း နှင့်နီးသော ပြည်နယ်တစ်ခုဖြစ် ကြောင်း၊ ကွမ်တုံပြည်နယ်၏ လူ ဦးရေသည် သန်း ၁၀၀ ခန့်ရှိကာ စက်မှုလက်မှုလုပ်ငန်း အဓိက ဖွံ့ဖြိုးပြီး   စိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်း မှုနည်းသည့် ပြည်နယ် တစ်ခုဖြစ်သည်ဟု ဦးဝင်းမောင် က ပြောသည်။

‘‘ပြည်နယ်ဆိုပေမယ့် လူဦး ရေက ကျွန်တော်တို့နိုင်ငံထက် နှစ်ဆလောက်ရှိတယ်။ သူတို့က စိုက်ရေးပျိုးရေး နည်းပါးပြီး စက်မှု လုပ်ငန်းထွန်းကားတယ်။ သူတို့ က မန္တလေးကို အဓိကစိတ်ဝင်စားတယ်။ ညီအစ်ကို ပြည်နယ်အဖြစ် သတ်မှတ်ပြီး စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းစတာတွေမှာ ပူးပေါင်း လုပ်ဆောင်ဖို့။ အဲဒီလိုလုပ် ဖို့ဆို ရင် ကောင်စစ်ဝန်ရုံးရှိရင် ပိုပြီး အဆင်ပြေတဲ့အကြောင်း အဆိုပြု ထားတာ’’ဟု ဦးဝင်းမောင်က ပြော သည်။

ကွမ်တုံပြည်နယ်၏ မြို့တော် မှာ ကွမ်ကျိုးမြို့ဖြစ်ပြီး ပြည်နယ် အတွင်း အထူးစီးပွားရေးဇုန်များ တည်ရှိကာ မြန်မာနိုင်ငံတွင်း လူ ကြိုက်များသည့် ZTE၊ Huawei စသည့် ဖုန်းဟန်းဆက်များနှင့် ဂွမ်ဒေါင်းကဲ့သို့ စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ပြည်နယ်ဖြစ်သည်။ မန္တလေးမြို့သို့  ကွမ်တုံပြည်နယ်မှကျောက် မျက်လုပ် ငန်းလုပ်ကိုင်သူများ လာရောက်အရောင်း အဝယ်လုပ်ကိုင်မှုများရှိ နေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List