Friday, December 05, 2014

ခြောက်ပွင့်ဆိုင်ကို သမ္မတယတိပြတ်ငြင်းခြင်းမဟုတ်ဟု ဦးရဲထွဋ်ထပ်ပြော



ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို သမ္မတအနေဖြင့် ယတိပြတ် ငြင်းပယ်ခဲ့ခြင်းမဟုတ်ဘဲ ၁၄ ပွင့် ဆိုင်နှင့် ခြောက်ပွင့်ဆိုင်နည်း လမ်းတို့အကြား ညှိနှိုင်းရမည့် အခြေအနေဖြစ်ပြီး အခြခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် တွေ့ဆုံမှုတွင် တတ်နိုင် သမျှ အဖွဲ့အစည်းအားလုံးပါဝင်ရန်လိုအပ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြားသည်။
လွှတ်တော်၏ တိုက်တွန်း ချက်အဆိုကို သမ္မတက လက်မခံသည့်အပေါ် သမ္မတအား စွပ်စွဲပြစ်တင်နိုင်ကြောင်း ၊လွှတ်တော် ကိုယ် စားလှယ်အချို့ပြောကြားမှုများ ရှိလာချိန်တွင် သမ္မတက ယင်းသို့တုံ့ပြန်လာခြင်းဖြစ်သည်။

ထို့အပြင်ခြောက်ပွင့်ဆိုင် တွင် ပါဝင်ရမည့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးတည်းဆို သည့်အချက်ကို တိုင်းရင်းသား များဘက်က လက်မခံနိုင်သူများ လည်းရှိကြောင်း အစိုးရအနေဖြင့် ထောက်ပြခြင်းဖြစ်ပြီး ထိုအချက်များအရ လတ်တလော


တွေ့ဆုံမှု မဖြစ်နိုင်သေးဟုသာ သမ္မတက ပြောကြားခြင်းဖြစ်ကြောင်း ၎င်း ကရှင်းလင်းပြောဆိုသည်။

‘‘ဥပမာအခြေခံဥပဒေပြင် ဆင်ရေးမှာ ဒီခြောက်ယောက်က တစ်စုံတစ်ရာကို သဘောတူလိုက် တယ်ဆိုပါစို့။ နောင်အပစ် အခတ် ရပ်စဲရေးလုပ်ပြီး နိုင်ငံရေးဆွေး နွေးတဲ့အခါမှာ အဲဒီသဘောတူညီ ချက်ကို တိုင်းရင်းသားတွေဘက် က သဘော မတူဘူးဆိုရင် ထပ် ပြင်ရမယ့်အခြေအနေဖြစ်မသွား နိုင်ဘူးလား။ ဒါကြောင့် အစ ကောင်းဖို့အတွက် ဖြစ်နိုင်သမျှ ကိုယ်စားပြုမှုကို ကျယ်ပြန့်စေချင် တာ သမ္မတကြီးရဲ့ ဆန္ဒပါ’’ဟု ဦး ရဲထွဋ်ကပြောသည်။

နိုင်ငံတကာ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင် ရာတွင် ပုဂ္ဂိုလ်များအကြား ဆွေး နွေးမှုဖြင့် စတင်ရပြီး မြန်မာ့ဒီမိုက ရေစီပြုပြင်ပြောင်းရေးအတွက် လည်း ခြောက်ပွင့်ဆိုင်၊ ၁၄ ပွင့် ဆိုင်ဆိုခြင်းထက် အဓိကသော့ ချက်ဖြစ်သည့် လူပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးသည့် နိုင်ငံရေးဆွေး နွေးပွဲတစ်ခုအမှန်တကယ်လိုအပ် နေပြီဖြစ်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင်ဒေါက်တာရန်မျိုး သိမ်းကပြောကြားသည်။

‘‘အစိုးရ၊ တပ်မတော်၊ ဒေါ် အောင်ဆန်းစုကြည်နဲ့ တိုင်းရင်း သားကိုယ်စားလှယ်ပါတဲ့ နိုင်ငံ ရေးအရ ဆွေးနွေးမှုက မြန်မာနိုင်ငံရေးအတွက် အဓိကသော့ချက်ပါပဲ။ ဒါကိုမှ နည်းနည်းချဲ့ချရင် ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်တွေ ထပ်ထည့်လိုက်ပေါ့။ ဒါမှ တကယ်ထိရောက်ပြီး အကျိုးရှိမယ့် နိုင်ငံ ရေးတွေ့ဆုံမှုဖြစ်မယ်။ ဒီတွေ့ဆုံ မှုကို လုပ်နိုင်မှ ကျွန်တော်တို့ ပြည်သူတွေ အကျိုးရှိမယ်’’ဟု ၎င်းက ပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ အချို့မှ ထုတ်ဖော်ပြောကြားမှု များတွင် သမ္မတဦးသိန်းစိန်ပြော ကြားခြင်းမရှိသည့်စကားများနှင့် ကွဲပြားခြားနားသည့်အမြင်ရှိသူ များကို ပုဂ္ဂိုလ်ရေးထိုးနှက်ရာ ရောက်သည့် စကားလုံးများ သုံးစွဲနေသည့်အတွက် နိုင်ငံရေး ပါတီများအနေဖြင့် သတင်းအခြေ အမြစ်ကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သတင်းထုတ် ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင်ဒီမိုကရေစီလူ့ အဖွဲ့အစည်းအတွင်း ကွဲပြားခြား နားသည့် အမြင်သဘောထားများ ကို ထုတ်ဖော်ပြောကြားသည်မှာ ကြိုဆိုရမည်ဖြစ်သော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုပြန်လည်တည်ဆောက်နေ သည့် ယနေ့အချိန်တွင် နိုင်ငံရေး ပါတီများအနေဖြင့် ကွဲပြားခြားနားသည့်အမြင်ရှိသူများနှင့် အဖွဲ့ အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လည်း အလေး ထားရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

နိုဝင်ဘာ ၂၅ ရက်က ပြည် ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းမတွေ့စေရန် သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် တိုင်းရင်းသားကိုယ်စား လှယ် ဒေါက်တာ အေးမောင်တို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအ ပေါ်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က လတ်တလော လက်မခံသေး ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်း သားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိ သည့်အနက် ကိုယ်စားပြုသူ တစ် ဦးတည်းကို သတ်မှတ်ခြင်းမှာ တိုင်းရင်းသားများအသံ နည်းပါး သွားနိုင်ကြောင်း ရခိုင်အမျိုးသား ပါတီဗဟိုအလုပ်အမှုဆောင် ဦး ဇော်အေးမောင်က သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ထို့အပြင်တိုင်းရင်းသား လူမျိုးစုများထဲမှ တစ်ဦးစီမှာ ယခုဆွေးနွေးပွဲတွင် ပါဝင်သင့်ပြီး ဆွေးနွေးပွဲ၌ ကိုယ်စားလှယ်များက ပြောရဲဆိုရဲဆွေးနွေးရဲသူဖြစ် ရန်လိုကြောင်း ချင်းတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်ကလည်း အဆိုပါပွဲ၌ ပြောကြား ခဲ့သည်။

လွှတ်တော်က တင်သွင်း သည့်အဆိုဖြစ်၍ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ကို လွှတ် တော်က သဘောတူရွေးချယ် ခြင်းဖြစ်ပြီး မည်သူနှင့်ပဲဖြစ်စေ နိုင်ငံအနာဂတ်အတွက် ကောင်း မွန်မည်ဆိုပါက မိမိအတ္တကို ဘေး ဖယ်ထား သင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြား သည်။

လွှတ်တော်က သမ္မတကို စွပ်စွဲပြစ်တင်နိုင်သည်ဆိုသော ဝေဖန်မှုများ နှင့် ပတ်သက်၍မူ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ် တင်ခြင်းမှာ အင်မတန်အရေးကြီး သည့် အ ခြေအနေမျိုးတွင်မှ ဆောင်ရွက်ရ ပြီး မဏ္ဍိုင်များကြား သဘောထား ကွဲလွဲရုံမျှဖြင့် လွယ်လွယ်ပြုလုပ် နိုင်သည့် ကိစ္စမဟုတ်ကြောင်း၊ ဒီမိုကရေစီ မခိုင်မာသေးချိန်၌ နိုင်ငံရေးအကျပ်အတည်းကို ဖန်တီးပါက မည်သို့ဖြစ်တတ် သည်ကိုမြန်မာအပါအ၀င် အခြားကမ္ဘာ့ နိုင်ငံများ၏ သမိုင်းအတွေ့အကြုံ များတွင် သင်ခန်းစာယူနိုင် ကြောင်း ဦးရဲထွဋ်ကပြောကြား သည်။

7Day Daily

No comments:

Post a Comment

My Blog List