Friday, December 05, 2014

ကမ္ဘောဒီးယား သံဃာတော်များ ထိုင်းနိုင်ငံတွင် လူဝတ်လဲခံရ



ထိုင်းနိုင်ငံတွင် ကျင့်သုံးသည့် ရဟန်း ၀ိနည်း အများအပြားကို ချိုးဖောက်မှုဖြင့် ကမ္ဘောဒီးယား သံဃာ ၁၉ ပါးကို ထိုင်းတာဝန် ရှိသူများက လူဝတ်လဲစေခဲ့ပြီး ပြည်နှင်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရဟန်းများကို ၀ီချစ်ဒေသ ရဲများနှင့် မောင်ဒေသ တာဝန်ရှိသူများက ဖူးခက်မြို့ရှိ ၀က်မုန်ကော နာမစ် ဘုရားကျောင်းသို့ စောင့်ကြပ်ပို့ဆောင်ခဲ့ပြီး မောင်ဒေသ၏ အကြီးအကဲ ဘုန်းတော်ကြီးက ၎င်းတို့ကို လူဝတ်လဲစေခဲ့ခြင်းဖြစ်သည်။
ရဟန်းများသည် ၎င်းတို့ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြောင်းကို အကြီးအကဲ ဘုန်းကြီးထံသို့ အကြောင်းကြားခဲ့ခြင်းမရှိပဲ လိုအပ်သည့် အတည်ပြုထောက် ခံချက်များလည်း ရရှိထားခြင်းမရှိပေ။ 



“ ဒီဘုန်းကြီးတွေ အကုန်လုံးကတော့ ကမ္ဘောဒီးယားက ပါလာတဲ့ သံဃာ အထောက်အထားတွေ ပဲရှိပါတယ်၊ ဒါပေမယ့် အတည်ပြုထောက်ခံမထားတဲ့နေရာမှာ နေခဲ့တယ်၊ မသင့်တော်တဲ့ အချိန်တွေမှာ ဆွမ်း၊ အလှူငွေတွေ လိုက်ခံတယ်၊ လူတွေဆီက ငွေတွေကို မလိမ့်တပတ်လုပ်ခဲ့တယ်၊ ဒီလိုနည်းတွေနဲ့ စည်းမျဉ်းတွေကို သူတို့ ချိုးဖောက်ခဲ့တာပါ” ဟု ၀ီချစ်ဒေသရဲဌာနမှ ဒုရဲမှူး ဖုန်ကန် ဘွန်ပရာကုန် က ပြောသည်။

ကမ္ဘောဒီးယား သံဃာများကို လူဝတ်လဲစေပြီးနောက် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ၎င်းတို့၏ ဗီဇာများကို လာရောက် စစ်ဆေးခဲ့ရာ သုံးဦးသည် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ထားသည်ကို တွေ့ရှိခဲ့ရသည်။

Ref: Phuket Gazette
Mizzima - News in Burmese

No comments:

Post a Comment

My Blog List