Monday, December 01, 2014

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ကိုးရာကျော် ဖမ်းဆီးရမိ



သထုံခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲ အုပ်အောင်သူနှင့်အဖွဲ့သည် နိုဝင် ဘာ ၂၈ရက် ညနေ ၅နာရီ ခန့်တွင် သတင်းအရ ဘီးလင်းမြို့ အိုအေစစ် စားသောက်ဆိုင်အား ဝင်ရောက်ရှာ ဖွေရာ ငွေကျပ် တစ်သောင်းတန် ငွေ စက္ကူအတု ၁ဝဝရွက်ပါအထုပ် ၉၁ ထုပ်၊ စုစုပေါင်းငွေကျပ် သိန်း ၉၁ဝ ကို ဖမ်းဆီးရ မိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲအုပ်အောင်သူနှင့် အဖွဲ့သည် သတင်းအရ ဘီးလင်းမြို့ အိုအေစစ်စားသောက်ဆိုင်၊ အခန်း အမှတ် ၈ဝ၇အား ဝင်ရောက်ရှာဖွေ ရာ အခန်းအတွင်း သိန်းဇော် ၃၉နှစ်၊ သက်လွင်ဦး ၃၄နှစ် တို့အားတွေ့ ရှိ ရပြီး ၄င်းတို့နှင့်အတူ အနက်ရောင် ကျောပိုးအိတ် တစ်လုံးကို တွေ့ရှိရ ပြီး၊ ကျောပိုးအိတ်အတွင်းမှ သား ရေကွင်းဖြင့် စည်းထားသော တစ် သောင်းကျပ်တန်ငွေစက္ကူအတု ၁ဝဝ ရွက်ပါအထုပ် ၉၁ထုပ်၊ ငွေကျပ်သိန်း ၉၁ဝ ဆင်းမ်ကတ်ပါလက်ကိုင်ဖုန်း သုံးလုံး၊ ပျောက်ကျား ဂျင်းခါးပတ် အိတ်နှစ်လုံးကို တွေ့ရှိသဖြင့် ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

သိန်းဇော်အား စစ်ဆေးချက်အ ရ ၄င်းတို့နှင့်အတူပါဝင်သည့် မျိုးလှိုင် နှင့်မင်းထိုက်တို့အား လိုက်လံရှာဖွေ ရာ ညနေ ၅နာရီခွဲတွင် မင်းထိုက် အား အိုအေစစ်စားသောက်ဆိုင် ရှေ့တွင်လည်းကောင်း၊ မျိုးလှိုင်အား ငွေလာမြိုင်လက်ဖက်ရည်ဆိုင်ရှေ့ တွင်လည်းကောင်း ၄င်းတို့နှင့်ပါလာ သောပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

မင်းထိုက်ထံမှ DAYUN အမျိုး အစားအမည်းရောင် ဆိုင်ကယ်တစ်စီး၊ ဆင်းမ်ကတ်ပါလက်ကိုင်ဖုန်းတစ်လုံး၊ မျိုးလှိုင်ထံမှ ဆင်းမ်ကတ်နှစ်ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ SMASH အမျိုးအစားအမည်းရောင်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ငွေစက္ကူအတုနှင့်အတူ ဖမ်းဆီး ရမိသူ သိန်းဇော်၊ သက်လွင်ဦး၊ မျိုး လှိုင်၊ မင်းထိုက်နှင့်တင့်လွင်(စုံစမ်းဆဲ) တို့အား ဥပဒေအရ အရေးယူပေးပါ ရန် ရဲအုပ်အောင်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဘီးလင်းမြို့ နယ်ရဲ တပ်ဖွဲ့စခန်းမှ (ပ)၁၄၅/၂ဝ၁၄၊ နိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/ ၁ဝ၆/၁ဝ၇တို့ဖြင့် အမှု ဖွင့်လှစ်ပြီး ဒုရဲမှူးလှထွန်းအောင်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

AHO
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List