Wednesday, December 03, 2014

ဘိုကိုဟာရမ်စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ၃၉ ဦး သေဆုံး


နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း ယိုဘေပြည်နယ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဘိုကိုဟာရမ်စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။ ရဲ ၃၃ ယောက်နဲ့ စစ်သား ၆ ယောက်ဖြစ်ပြီး ယိုဘေပြည်နယ် ဒါမာတူရူမြို့က စီးနင်းမှုအတွင်း စစ်သွေးကြွအယောက် ၂၀ လည်း သေဆုံးတယ်လို့ ပြောပါတယ်။

အလောင်းတွေ ထပ်ရောက်လာနေတုန်းမို့ သေဆုံးသူအရေအတွက် ပိုများလာမယ်လို့ မျှော်လင့်ထား ပါတယ်။

ဒေသခံလုံခြုံရေး သတင်းရင်းမြစ်တွေကတော့ သူပုန်တွေက သူတို့ဘက်က သေတဲ့လူတွေရဲ့အလောင်း တွေကို ပစ်ကပ် ကုန်ကား ၄ စီးနဲ့အပြည့်  ပြန်ကောက် သွားခဲ့တယ်လို့ ပြောပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ကတော့ သူပုန်တွေရဲ့ မနက်ပိုင်းစီးနင်းမှုအပြီး မြို့ထဲကနေ သူပုန်တွေကို မောင်းထုတ် ဖို့ မြေပြင်တပ်တွေနဲ့ လေတပ်ကိုပါ သုံးခဲ့ရတာပါ။

ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂူရိမှာ ဒီဇင်ဘာ ၁ ရက်နေ့ သီးခြားတိုက်ခိုက်မှု တခု ကြောင့် အနည်းဆုံးလူ ၅ ယောက် သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List