Tuesday, December 02, 2014

အမေရိကန် သမ္မတ Obama ရဲ့ သမီး ၂ယောက်ကို ဝေဖန်တဲ့ ပေးစာ မအောင်မြင်ခဲ့

   
အမေရိကန် ပြည်ထောင်စုမှ ရီပက်ပလစ်ကန် ပါတီတစ်ခုဖြစ်တဲ့ GOP ပါတီဝင် Elizabeth Lauten က အမေရိကန် သမ္မတ Obama ရဲ့ သမီး ၂ယောက်ဖြစ်တဲ့ အသက် ၁၆ နှစ် အရွယ် Malia Obama နဲ့ အသက် ၁၃ နှစ် အရွယ် Sasha Obama တို့ကို ဝေဖန်တဲ့ ပေးစာတစ်စောင်ကို သူမရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

သူမရဲ့ ပေးစာမှာတော့ Malia Obama နဲ့ Sasha Obama တို့ကို ရုပ်သံအစီ အစဉ်က ထုတ်လွှင့်မယ့် ပွဲတစ်ခုမှာ ၀တ်လာတဲ့ အ၀တ်အစားနဲ့ ပတ်သက်ပြီး ရှုံ့ချဝေဖန်ထားတာ ဖြစ်ပါတယ်။ 

ဆယ်ကျော်သက်တွေ ဖြစ်ပေမယ့်လည်း သမ္မတရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အတွက် အဆင့်အတန်း တစ်ခု ကို ပြရမည်ဖြစ်ကြောင်း နဲ့ လေးစားထိုက်တဲ့ အ၀တ်အစားမျိုးကို ၀တ်ဆင်ရမည်ဖြစ်ပြီး ဘားတစ်ခုမှာ ရောက်နေသလို မ၀တ်စားသင့်ကြောင်းတို့ကို ထည့်သွင်းရေး သားခဲ့ပါတယ်။

တစ်ကယ်တော့ Obama ရဲ့ သမီး ၂ ယောက်ဟာ သူမပြောသလို ဘားတစ်ခု မှာရောက်နေတဲ့ အ၀တ် အစားမျိုး ၀တ်ဆင်ခဲ့တာ မဟုတ်ပါဘူး။ အခြား ဆယ်ကျော်သက်တွေလိုပဲ ဂါဝန်နဲ့ စကတ်ကို ၀တ်ဆင်ခဲ့ ကြတာ ဖြစ်ပါတယ်။ 

ထို ဝေဖန်စာရေးပြီး မကြာခင်မှာပဲ အားလုံးက Elizabeth Lauten ကို Obama အား တိုက်ခိုက်နေခြင်းဖြစ် တယ်လို့ ဝေဖန်ခဲ့ကြတဲ့အတွက် သူုမရဲ့ Facebookပေါ်က ဝေဖန်စာကို ပြန်လည် ဖျက်သိမ်းခဲ့ရပါတယ်။ သူမဟာ သိပ်မကြာခင်မှာ ပြန်လည်တောင်းပန်ခဲ့ပေမယ့် များစွာသော ပြည်သူလူထုက သူမ ကို ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။

Ref:lifeandstylemag.com
Trend Myanmar

No comments:

Post a Comment

My Blog List