Thursday, December 04, 2014

မဲပေးမှုကို နှောက်ယှက်ရန် ကက်ရှ်မီးယားသို့ ဖြတ်ဝင်လာသည့် စစ်သွေးကြွ ခြောက်ဦးကို အိန္ဒိယတပ်ဖွဲ့များ ပစ်သတ်



ပါကစ္စတန်နှင့် နယ်နမိတ်ကပ်လျက်ရှိသော အိန္ဒိယပိုင် ကက်ရှ်မီးယား ပြည်နယ် ကွတ်ဝါရာမြို့ အတွင်းသို့ ဖြတ်ဝင် လာ ခဲ့သည့် စစ်သွေးကြွခြောက်ဦးကို အိန္ဒိယစစ်သားများက ဒီဇင်ဘာ ၃ ရက်တွင် ပစ်သတ် လိုက်ကြောင်း သိရသည်။စစ်အင် အား အများအပြားချထားသည့် နယ်စပ်တွင် ယခုပစ်သတ်မှုသည် လပေါင်းများစွာအတွင်း တစ်နေ့တည်းအရေ အတွက် အများဆုံး ပစ်သတ်မှုဖြစ်သည်။ ကက်ရှ်မီးယားပြည်နယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများအပေါ် ခွဲထွက်ရေးသမား များနှင့် စစ်သွေးကြွများက ကန့်ကွက်လျက်ရှိသည်။ နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည့် အဆိုပါ ပစ်ခတ်မှုတွင် အစိုးရဘက်မှ စစ်သားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်တွင် နိုင်ငံခြားတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွ အုပ်စုများက အဆိုပါ တပ်ဖွဲ့များ ရုပ်သိမ်းသွားပါက မိမိတို့နိုင်ငံဘက်သို့ ဦးလှည့်လာမည်ကို အိန္ဒိယ တာဝန်ရှိသူများက စိုးရိမ်လျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းကလည်း စစ်ယူနီဖောင်းများ ၀တ်ဆင်လာသည့် စစ်သွေးကြွများသည် ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယစစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးခဲ့ပြီး အဆိုပါ ဒေသတွင် တစ်နှစ်ကျော်ကာလအတွင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။

"စစ်သွေးကြွတွေက ခေတ်မီပစ္စည်းတွေကို အသုံးပြုပြီး နှင်းတွေပိတ်နေတဲ့ လမ်းကြောင်းကနေ ဖောက်ဝင်ဖို့ ကြိုးပမ်းခဲ့ကြပါ တယ်" ဟု အိန္ဒိယစစ်တပ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Ref: Reuters
Mizzima - News in Burmese

No comments:

Post a Comment

My Blog List