Tuesday, December 02, 2014

ကိုလံဘီယာ ဗိုလ်မှူးချုပ် တစ်ဦး နှင့် အခြား စစ်အရာရှိ နှစ်ဦးကို သူပုန်များ ပြန်လွှတ်ပေး



ကိုလံဘီယာ လက်ဝဲဝါဒီ FARC ပြောက်ကျားသူပုန် တပ်ဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ပြန်စနိုင် ရေးအတွက် လိုက်လျောမှုတစ်ရပ် အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် အစိုးရစစ်တပ်မှ ဗိုလ်မှူးချုပ်တစ်ဦးကို နိုဝင်ဘာ ၃၀ တွင် လွှတ်ပေးလိုက်သည်။
သို့သော် ကိုလံဘီယာ သမ္မတက အပစ်အခတ်ရပ်စဲရေး အတွက် သူပုန်တို့၏ တောင်းဆိုချက်များကို ငြင်းဆန်နေဆဲဖြစ် သည်။ နှစ် ၅၀ကြာ ပဋိပက္ခအတွင်း FARC အဖွဲ့က ဖမ်းမိခဲ့သော စစ်အရာရှိများ အနက် ဗိုလ်မှူးချုပ် ရူဘင်အယ်လ် ဇာတီသည် ရာထူးအကြီးဆုံး ဖြစ်သည်။

“ဗိုလ်မှူးချုပ် အယ်လ်ဇာတီ လွတ်လာပါပြီ။ အကောင်းဆုံး အနေအထားနဲ့ လွတ်လာတာပါ” ဟု ကိုလံဘီယာ သမ္မတ ဂျူအန်မန်နယူဝဲလ် ဆန်းတို့စ် က တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။ သို့သော် သမ္မတ ဆန်းတို့စ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားကြောင်း သိရသည်။

ဗိုလ်မှူးချုပ် အယ်လ်ဇာတီအား လွှတ်ပေးလိုက်သဖြင့် ကျူးဘားမြို့တော် ဟာဗားနားတွင် ပြုလုပ်ခဲ့သော ၂ နှစ်ကြာ သက်တမ်း ရှိနေပြီ ဖြစ်သည့် ဆွေးနွေးပွဲ ပြန်စနိုင်ရန် လမ်းပွင့်သွားခဲ့သည်။ ထိုဆွေးနွေးပွဲမှာ ပဋိပက္ခများ ပြီးဆုံးသွားရေးအတွက် အလားအလာ အကောင်းဆုံး ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။ ဟာဗားနားမှ ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင် တွင် ကိုလံဘီယာ သမ္မတ အနေဖြင့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို ပြန်လည် စဉ်းစားရန် FARC က တိုက်တွန်းထား သည်။

“အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ ဒါမှမဟုတ် ယာယီစစ်ရပ်စဲဖို့ အချိန်တန်ပါပြီ။ အဲဒါဆိုရင် စစ်မြေပြင်က ဖြစ်ရပ်တွေကို အကြောင်းပြပြီး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေမယ့် လုပ်ရပ်မျိုးကို လုပ်နိုင် ကြတော့မှာ မဟုတ် ပါဘူး” ၄င်းတို့က ဆိုသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List