Tuesday, December 02, 2014

ငွေများတရားနိုင်စနစ် ပပျောက်ရေး အောင်လံမြို့တွင် ချင်းတိုင်းရင်းသားများ ဆန္ဒပြ


ငွေများတရားနိုင်စနစ် ပပျောက်ရန် အောင်လံမြို့၌ ချင်းတိုင်းရင်းသူ တိုင်းရင်းသားများ ဒီဇင်ဘာ ၁ ရက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အောင်လံမြို့နယ် ငမဲကန်ကျေးရွာအုပ်စု၊ ငမဲကန်ကျေးရွာက ချင်းတိုင်းရင်းသူနှစ်ဦးက ယာမြေဧက ရှစ်ဧကကျော်ကို မြေဩဇာဂိုဒေါင်မှူးဆီကို ရောင်းခဲ့တယ်။ ရောင်းစဉ် ကတည်းက တခြားယာတွေကို သွားတဲ့လှည် လမ်းမပါဘူးလို့ ပြောပြီး ရောင်းခဲ့တာ။ 

ဒါပေမဲ့ သူတို့က လှည်းလမ်းကို ဆူးခက်တွေနဲ့ ပိတ်ခဲ့တယ်။ အဲဒါကို ချင်းတိုင်း ရင်းသူနှစ်ဦးက ဆူးခက် ဖယ်ပြီး လှည်းမောင်းတာကို ပုဒ်မ ၄၄၇/၄၂၇ နဲ့ တရားစွဲတယ်။  ဒီနေ့ဆို သူတို့ကို အမိန့်ချတော့မယ်။ အဲဒီအမှုက မတရားဘူး။ မသိနားမလည်တဲ့လူတွေအပေါ်ကို တစ်ဖက်သတ် အနိုင်ကျင့်သလိုဖြစ်နေတဲ့ အတွက် ဆန္ဒပြတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုအေးငွေက ဆိုသည်။

ဆန္ဒပြမှုကို အောင်လံမြို့ ကုသိနာရုံဘုရေားရှေ့မှစတင်ခဲ့ကာ အောင်လံ တရားရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ မတရားသော အမှုများ ပပျောက်ရေး၊ ငွေများတရားနိုင်တဲ့စနစ် ပပျောက်ရေး၊ ချင်းတိုင်းရင်း သားအခွင့်အရေး ရရှိရေး စသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

“အရင်ကတည်းက လှည်းလမ်းမပါဘူးလို့ ကတိထားထားတာကို သိသိကြီးနဲ့ ဆူးခက်တွေနဲ့ ပိတ်တယ်။ နောက်ပြီး တရားပါအစွဲခံလိုက်ရတယ်။ ကျွန်မတို့က အဲဒီကလှည်းလမ်းမရှိရင် တခြားဘက်မှာရှိတဲ့ယာတွေ ကို သွားဖို့လမ်းမရှိတော့ဘူး။ ဘာမှလည်းလုပ်လို့ လည်းမရဘူး။ မလုပ်ရရင် စားစရာလည်း မရှိပါဘူး” ဟု ချင်းတိုင်ရင်သူ မိုင်သန်းညွန့် က ပြောကြားသည်။

အောင်လံတရားရုံးနှင့် တရားစီရင်ရေးကို ဒေသခံပြည်သူများက ဆန္ဒပြခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ခွင့်ပြုမိန့်တောင်းခံကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတွင် လူအင်အား နှစ်ဆယ်ဝန်းကျင်ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List