Thursday, December 04, 2014

ဆောင်းရာသီမှာ အားကစားလုပ်တာ လူကို လန်းဆန်းစေတယ် ဆိုတဲ့ အလှမယ် ထားထက်ထက်


ဆောင်းရာသီ အရုဏ်ဦး ပျိုးချိန် လို့ဆိုရမယ့် ဒီဇင်ဘာလထဲ တိုးဝင်လာပြီ ဆိုတာနဲ့ လူကြီး လူငယ်မရွေး၊ ကျားမ ဟူသမျှ တို့ဟာ မနက်ခင်း တိုင်းမှာ ကိုယ်လက် လှုပ်ရှား အားကစား လိုက်စားကြလေ့ ရှိကြပါတယ်။ အဲဒီလို အားကစား လိုက်စားကြတဲ့ အခါ ကျန်းမာရေး အရရော၊ လူမှုဘဝ အတွက်ပါ ကိုယ်ကျန်းမာ၊ စိတ် ချမ်းသာဖြစ်စေတာမို့ မျိုးဆက်သစ် လူငယ်အမျိုးသမီးဖြစ်သူ ကျွမ်းဘား အားကစား ပညာရှင် လည်းဖြစ်၊ အလှမယ် တစ်ဦးလည်းဖြစ်တဲ့ ထားထက်ထက် ရဲ့ ဆောင်းရာသီထဲက ဒီဇင်ဘာ နဲ့ အားကစား အပေါ် အမြင်စကား သံများ စုစည်းဖော်ပြ လိုက်ပါတယ်။

ငယ်စဉ်ကတည်းက အားကစားနဲ့ နီးနီးစပ်စပ် -ငယ်တုန်းကတော့ ထားထက်တို့ အဖေက ဆောင်းတွင်း မနက်ပိုင်း လေးနာရီခွဲ ငါးနာရီ ဆိုထတယ်။ သုဝဏ္ဏကွင်း ပတ်ပြေးတာတို့၊ လေ့ကျင့်ခန်း လုပ်တာတို့တွေ လုပ်ဖြစ် တယ်။ အားကစား လုပ်ခြင်းက ခန္ဓာ ကိုယ် ကျစ်ကျစ် လျစ်လျစ် ဖြစ်တယ်။ ကျန်းမာရေးကို ကောင်းစေတယ်။ ဥာဏ်ရည် ထက်မြက်စေတယ်။ အရွယ်တင် နုပျိုစေတယ်။ အဲဒါကြောင့် အားကစားကို ပုံမှန်လေးတော့ ဂရု တစိုက်လေး လုပ်သင့်တယ် လို့ ထင်ပါတယ်။ လုပ်လည်း လုပ် ပေးသင့်ပါတယ်။ အခုလို ဆောင်းရာသီဆို သွေးသား လည်ပတ်မှုလည်း ကောင်းတယ်။ မနက် စောစောလေး ထပြေးပြီး လေ့ကျင့်ခန်းလေး ဘာလေး လုပ်တော့ လူကို လန်းဆန်းစေတယ်။

ငယ်စဉ်ကလိုက်စားခဲ့တဲ့ ကျွမ်းဘား အားကစား- အခု ထားထက်က ငယ်ငယ်ကတည်းက ကျွမ်းဘားဆော့ တယ်။ ကျွမ်းဘား လက်ရွေးစင် ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်မှာ ဆိုရင် ကြွက်သားက သူ့နေရာနဲ့ သူရှိ ပြီးတော့ ကျစ်ကျစ်လျစ် လျစ် ဖြစ်စေတယ်။ လူကလည်း ကျန်းမာရေး ကောင်းပြီး ခန္ဓာကိုယ် လည်း ကြံ့ခိုင် တယ်။ ကျွမ်းဘားကို ထားထက်က အသက် ငါးနှစ်ခွဲ၊ ခြောက်နှစ် ကစပြီး ကစားဖြစ် တယ်။ ငယ်ငယ်တုန်း က သုဝဏ္ဏကွင်းမှာ မြန်မာ နဲ့ ရုရှား ချစ်ကြည်ရေး ကျွမ်းဘား ပြိုင်ပွဲ ရှိတယ်။ 

အဲဒီ ပြိုင်ပွဲကို သွားကြည့်ပြီးတော့ ကျွမ်းဘား ကို စပြီး စိတ်ဝင်စားဖြစ်သွားတာပါ။ ကျွမ်းဘား နဲ့ ပတ်သက် ပြီးတော့ ထားထက် တို့ကျောင်းတွေမှာ ပြိုင်ပွဲတွေ သိပ်ပြီး မရှိဘူး။ သရုပ်လိုက် ပြတာတွေတော့ ရှိတယ်။ အဖွဲ့ချုပ်မှာ သွားပြီး ဆော့ဖြစ်တယ် ။ဂျွမ်းဘား အားကစားက ထားထက် Life တစ်ခုလုံး အတွက် အမှတ် တရ ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ထားထက် ဆော့ခဲ့တဲ့ အချိန် က ဆယ်နှစ် ကြာတယ် ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိတယ် ။နောက်ပြီးတော့ Team-work တွေ ဘာတွေ ဆိုရင် သီးသန့်ကြီး လုပ်ယူစရာ မလိုဘူး။ အပင်ပန်းလည်း ခံနိုင်တယ်။ 

ခန္ဓာကိုယ်လည်း ကျစ်ကျစ်လျစ်လျစ် လေးရှိတယ်။ ဂျွမ်းဘားက အားကစား ရဲ့ အခြေခံ တစ်ခု ဖြစ်တဲ့ အတွက် Miss တစ်ယောက် ဖြစ်လာတဲ့ အခါမှာ အများကြီး Supporting ဖြစ်စေပါတယ်။

ဆောင်းတွင်း မနက်ခင်းမှာ လူတိုင်း ကိုယ်စီ အားကစား လုပ်စေချင်- အားကစား ရာသီဖြစ်တဲ့ ဆောင်းတွင်း ရာသီ ဆိုရင် အကုန်လုံး က မနက်စောစော မထချင် ကြ ဘူး။ အေးတော့ ကွေးပြီး အိပ်နေချင်ကြ တယ်။ ဒါပေမဲ့ မရရအောင် မနက်စောစောလေး ထပြီး လေ့ကျင့်ခန်း လေး လုပ်မယ် ဆိုရင် ကျန်းမာရေးအ တွက် လည်း ကောင်း သလို ချွေးထွက် လာလို့ရှိရင် အသား အရေလည်း လှစေတယ်။ ခန္ဓာကိုယ် ထဲက ချွေး ပုပ်တွေ ထွက်သွားရင် အသားအရေ လည်း ကြည်စေတယ်။ အစစ အရာရာ အထောက် အကူပြုစေ ပါ တယ်။ ဆောင်းတွင်း လေ့ကျင့်ခန်း ကာလ သီးသန့်ရယ် မဟုတ်ဘဲနဲ့ နေ့စဉ် ပုံမှန် ငါးမိနစ်၊ ဆယ်မိနစ်ကို အချိန်ပေးပြီး လေ့ ကျင့်ခန်း လေး လုပ်စေချင်ပါတယ်။။

လွင်လွင်ထွန်း
ဓာတ်ပုံ- မင်းမင်းထွန်း
Popular Myanmar 

No comments:

Post a Comment

My Blog List