Thursday, December 04, 2014

ကူမင်တန်ပါတီ ဥက္ကဌ ရာထူးမှ ထိုင်ဝမ် သမ္မတ မာယင်ကျိုး နှုတ်ထွက်



တရုတ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် ထိုင်ဝမ်သမ္မတ မာယင်ကျိုးသည် လူထု၏ တရုတ်သြဇာ လွမ်းမိုးလာမည် ဟု စိုးရိမ်မှုများ ကြီးထွား လာခြင်းကြောင့် ရွေးကောက်ပွဲမဲရလဒ်တွင် ၎င်း၏ ပါတီက အကြီးအကျယ် ရှုံးနိမ့်ခဲ့၍ ပါတီဥက္ကဌ ရာထူးမှ ဒီဇင်ဘာ ၃ရက်တွင် နှုတ်ထွက် သွားသည်။
ဒေသတွင်း ရွေးကောက်ပွဲများတွင် အာဏာရ ကူမင်တန်ပါတီက အရေးနိမ့်ခဲ့ ပြီးနောက် သမ္မတ မာယင်ကျိုးက ပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်သွားခြင်းဖြစ်ရာ ၂၀၁၆သမ္မတရွေးကောက်ပွဲအတွက် အဓိက အပြောင်းအလဲ တစ်ရပ် ဖြစ်လာသည်။ ပါတီ အထက် တန်း ခေါင်းဆောင်ပိုင်းနှင့် တွေ့ ဆုံပွဲတွင် သမ္မတ မာယင်ကျိုးက အနူးအညွတ် တောင်းပန်ခဲ့ ပုံကိုလည်း ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

"ကူမင်တန်ပါတီက မကြုံဖူးတဲ့ ရှုံးနိမ့်မှုကို ခံစားလိုက်ရတာပါ။ ဥက္ကဌအဖြစ် ကျွန်တော်ကို ထောက်ခံသူတွေကို တောင်းပန် ပါတယ်။ ကျွန်တော်က ခုလို ရှုံနိမ့်မှုအတွက် လုံးဝ တာဝန်ခံရမှာပါ။ ဒီကနေ့ မှာ ဗဟိုတည်မြဲ ကော်မတီသို့ ကျွန်တော် နှုတ်ထွက်ကြောင်း ကြေညာ လိုက်ပါတယ်" မာယင်ကျိုးက ပြောသည်။

မာယင်ကျိုးသည် ၂၀၁၆ ခုနှစ်တိုင်အောင် သမ္မတသက်တမ်း ဆက်လက် ထမ်းဆောင်သွားရမည် ဖြစ်ပြီး နှစ်ကြိမ်ရာထူး သက်တမ်း ပြည့်ချိန်မှ ရာထူးက နှုတ်ထွက်ရမည် ဖြစ်သော်လည်း ပါတီတွင်း ၎င်းသြဇာ ကျဆင်းလာခဲ့ပြီ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုသည်။ သို့ သော် ၎င်းကို နှုတ်ထွက်ခွင့် ပြုလိုက်ခြင်း ကလည်း ကူမင်တန် ပါတီအတွက် အခက်အခဲများကို ဖြစ်စေ လာနိုင်သည်။

မဲရလဒ်ကြောင့် နာကျင်ခဲ့ရသည် သင်ခန်းစာများကို အမှတ်ရနေကြရန် နှုတ်ထွက်ကြောင်း ကြေညာရာတွင် မာယင်ကျိုးက "ပိုမိုကြိုးစား အားထုတ် ကြပြီး ပြည်သူတို့ ရဲ့ အသည်းနှလုံးမှာ ပြန်အနိုင်ရဖို့ စွမ်းဆောင်ကြပါ" ဟု မာယင်ကျိုးက ပြောသွား ခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List