Tuesday, December 02, 2014

မူဆလင်သူပုန်များအရေး ဖြေရှင်းရန် အပစ်အခတ်ရပ်စဲရမည်ဟု ပရာယုနှင့် ရာဂျစ်တို့ သဘောတူ


ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လက်နက်စွဲကိုင် သောင်းကျန်းလျက်ရှိသည့် မူဆလင်သူပုန်များအရေး အဆုံး သတ်ရန်မှာ အပစ်အခတ်ရပ်စဲပြီး အမျိုးမျိုးကွဲပြားနေသော မူဆလင်လက်နက်ကိုင်များ တစ်ပေါင်းတစ်စည်း တည်း စုဝေးလျက် စားပွဲဝိုင်း ဆွေးနွေပွဲပြုလုပ်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်မည်ဟု ထိုင်းနှင့် မလေးရှားနိုင်ငံ ၀န်ကြီးချုပ်တို့က သဘောတူညီခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယုသည် ယမန်နေ့က ပထမဆုံးအကြိမ် တစ်နေ့တာခရီးစဉ်အဖြစ် မလေးရှားသို့ ရောက်ရှိခဲ့ပြီး ရပ်တန့်ထားရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြောင်းကို အဓိကထား ပြောကြားခဲ့ သည်။

မူဆလင်သူပုန်များဘက်မှ အပစ်အခတ်ရပ်စဲမည်ဆိုပါက ပရာယုသည်လည်း ၎င်း၏ တပ်များ တိုးချဲ့ချ ထားခြင်းကို လျှော့ချနိုင်လိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်က ပြောသည်။ 

“အဖွဲ့အစည်းအသီးသီးအနေနဲ့ ဥပဒေကို လေးစားဖို့ လိုအပ်ပါတယ်၊ ထိုင်းဝန်ကြီးချုပ်က တပ်အင်အား လျှော့ချဖို့ သဘောတူထားပြီး ဖြစ်ပါတယ်” ဟု နာဂျစ်က ဆိုသည်။

သို့ရာတွင် ဆယ်စုနှစ် တစ်ခုအထိ ကြာမြင့်လာပြီ ဖြစ်သော အပြန်အလှန် တိုက်ခိုက်နေမှုများမှာ ယခုနှစ် အတွင်း၌လည်း အဆုံးသတ်မည့် အခြေအနေမရှိပေ။

အဆိုပါ ပုန်ကန်မှုကြောင့် သေဆုံးသူ ၆၁၀၀ ဦး ရှိခဲ့ပြီ ဖြစ်ကာ အများစုမှာ အရပ်သားများ ဖြစ်ကြပြီး မူဆလင်သူပုန်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

နာဂျစ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အချိန်တော့ ယူရမည်ဖြစ်ကြောင်း ၀န်ခံလိုက်သည်။ 

မလေးရှားဝန်ကြီးချုပ် နာဂျစ်သည် မူဆလင်သူပုန်များနှင့် ယခင်ယင်လပ် အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ယမန်နှစ်အတွင်းက ဆွေးနွေးပွဲများကို အကြိမ်ကြိမ် လက်ခံကျင်းပပေးခဲ့သည်။ 

သို့သော် ယင်လပ်အစိုးရ အာဏာသိမ်းခံရပြီး နောက်ပိုင်းတွင်မူ ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့သည်။

ဗုဒ္ဓဘာသာ ကိုးကွယ်သူအများစုနေထိုင်သည့် ထိုင်းနိုင်ငံသည် မူဆလင်ဘာသာ သက်ဝင်ယုံကြည်သူများ နေထိုင်ရာ နိုင်ငံတောင်ပိုင်းအား သိမ်းပိုက်ခဲ့သည်မှာ ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး မူဆလင် များကလည်း အကြိမ်ကြိမ် ပုန်ကန်ခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းနေခြင်းကို အဖြေရှာနေသော်လည်း ထိုင်းအာဏာပိုင်များသည် ရွာသူ ရွာသားများအား သူပုန်များရန်မှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက်ဟု ဆိုကာ ရိုင်ဖယ်လ် သေနတ် များ ပေးကမ်းခဲ့ကြသည်။

ယင်းသို့ ပေးကမ်းခဲ့ခြင်းက အကြောက်တရားနှင့် အဓိကရုဏ်းတို့ ပေါ်ပေါက်စေရန် ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက သတိပေးကြသည်။

ယမန်နေ့က ၀န်ကြီးချုပ်ပရာယု ရောက်ရှိလာစဉ် ကွာလာလမ်ပူရှိ ထိုင်းသံရုံးရှေ့၌ မလေးရှားနိုင်ငံသားများ က ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး မတရားသဖြင့် အာဏာသိမ်းသူဟု ရှုတ်ချခဲ့ကြသည်။

ကျော်လင်းထွန်း
Ref: Channelnews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List