Thursday, December 04, 2014

ပြင်သစ်နိုင်ငံရဲ့ အကူအညီပေးမှုတွေ၂၀၁၅ ရွေးကောက်ပွဲပေါ် မူတည်ပြီး ပြောင်းလဲနိုင်


ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေ ကိုတိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၅မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင် သာမှု ရှိ မရှိ၊ တရားမျှတမှု ရှိ မရှိကို ပြင်သစ်နိုင်ငံက စောင့်ကြည်နေ မှာဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖွံဖြိုးတိုးတက်ရေးနှင့် ပြင်သစ်ဘာသာစကား ထွန်းကားပြန့်ပွားရေးဝန်ကြီး မဒမ် အန်နီ ဂျီရာဒီ က ပြောကြားပါတယ်။

ဒါ့အပြင့် ၂၀၁၅ရွေးကောက်ပွဲ အနေအထားပေါ်ကြည့်ပြီး ပေးအပ်နေတဲ့ အကူအညီတွေကို ဆုံးဖြတ်သွား မှာဖြစ်တယ်လို့လည်း သူက ဆက်လက် ပြောကြားသွားပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ မှာ တိုးမြှင့် ပေးသွားမယ့် အကူအညီတွေကတော့ ပြင်သစ်ဖွံဖြိုးတိုးတက်မှု စင်တာကနေတဆင့် အတိုးနှုန်းသက်သာ စွာနဲ့ ငွေချေးခြင်း၊ ကျန်းမာရေးအစီစဉ်တွေပါဝင်ပါတယ်။ 

လက်ရှိ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှပ်နှံမှု ပမာဏဟာ ယူရို ၂၃ မီလျံ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List