Wednesday, December 03, 2014

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင် ၃ ဦး ယနေ့အဖမ်းခံမည်ဟု ပြောဆို


ဟောင်ကောင် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ၃ ဦးက ဆန္ဒပြပွဲတွေကနေ ပြန်ဆုတ်ခဲ့ပြီး ဒီကနေ့ ဒီဇင် ဘာလ ၃ ရက်နေ့မှာ ရဲဆီ အဖမ်းခံမယ်လို့ ပြောဆိုပါတယ်။ ဆန္ဒဆက်ပြနေကြတဲ့ ကျောင်းသား တွေကို လည်း ရဲတွေက အကြမ်းဖက်ဖြိုခွင်း မှုတွေကြောင့် ဆန္ဒပြဆက်မပြကြတော့ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

တနင်္ဂနွေ၊ တနင်္လာ ၂ ညက ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက အင်အား သုံးဖြိုခွင်းခဲ့တာပါ။

သူတို့  ၃ ဦး ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရဲဆီ သွားရောက်အဖမ်းသွားခံမှာဖြစ်ပြီး ကျောင်းသားတွေ အနေနဲ့လည်း ယုံကြည်ချက် အသေစွဲကိုင်မထားပဲ လှုပ်ရှားမှုပုံစံပြောင်းဖို့ တိုက်တွန်းပါတယ်လို့ ခေါင်းဆောင်တဦးဖြစ်တဲ့  တိုင် Tai က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေရဲ့သတ္တိကို တိုင် က ချီးကျူးပြောဆိုခဲ့ပြီး အင်အားသုံး လူစုခွဲခဲ့တဲ့ ဟောင်ကောင် အစိုးရရဲ့ လုပ်ရပ်ကိုလည်း ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင် ၃ ယောက် အခုလို ကြေညာ ခဲ့တာကြောင့် ဆန္ဒပြသူတွေက အံ့သြခဲ့ပါတယ်။

သူတို့ ၃ ဦးမှာ ၂ ဦးက တက္ကသိုလ်ပါမောက္ခတွေဖြစ်ကြပြီး တဦးကတော့ သင်းအုပ်ဆရာဖြစ်ပါတယ်။

စင်ထရယ်ကို သိမ်းလှုပ်ရှားမှု၊ အစိုးရအာဏာဖီဆန်ရေးလူထု လှုပ်ရှားမှုကို စတင်ခဲ့ကြသူတွေ ဖြစ်ပေမယ့် နောက်ပိုင်း ကျောင်းသားတွေက ရှေ့တန်း ထွက်ခဲ့ကြတာကြောင့် နောက်ကနေပဲ ပါဝင်ခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List