ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC)က ဖွဲ့စည်းလိုက်သော ပြည်ထောင်စုတပ်မတော် (FUA) ၏တောင်ပိုင်းစစ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)ဒုတိယစစ်ဦးစီး ချုပ်အား တာဝန်ပေးခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံးအ နေဖြင့် လက်မခံကြောင်း တုံ့ပြန် ပြောကြားလိုက်သည်။
‘‘ဘယ်လိုလုပ်လက်ခံလို့ရမ လဲ။ ရှုပ်ထွေးမှုဖြစ်အောင်လုပ်တဲ့ သဘောပဲ။ မူလကတော့ UNFC က ယာယီရပ်ဆိုင်းထား တာကို အခုတော့ ထပ်ပြီးသုံးသပ်ရတော့ မယ်’’ ဟု ကရင်အမျိုးသားအ စည်းအရုံး(KNU)အထွေထွေအ တွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း ကပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သောပြည်ထောင်စု တပ်မတော် (FUA)၏ အစည်းအဝေး၌ တောင်ပိုင်းစစ်ဒေသအတွက် တာဝန်ပေးရာတွင် KNLAဒုတိယစစ်ဦးစီး ချုပ်ဗိုလ်ချုပ်ဘောကျော် ဟဲ ပါဝင်ကြောင်း FUA အကြံပေးဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။
‘‘တချို့ခေါင်းဆောင်တွေရဲ့ အခင်းအကျင်းတွေဟာ နိုင်ငံရေးအခြေအနေအရ တာဝန်ဘယ်လို ရှိတယ်ဆိုတာမပြောနိုင်သေး ဘူး ။ တောင်ပိုင်းစုဖွဲ့တဲ့နေရာမှာတော့ FUAစုဖွဲ့မှုမှာတော့ သူ(KNLA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘောကျော်ဟဲ) လည်း ပါတယ်’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။
ကရင်အမျိုးသားအစည်းအ ရုံးအနေဖြင့် ပြီးခဲ့သည့်လပိုင်းက ကျင်းပခဲ့သော UNFCညီလာခံ တွင် အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ် ထွက်ခဲ့သည်။
ထို့ကြောင့် UNFCအနေဖြင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထား သော ကရင်အမျိုးသားအစည်းအ ရုံးလက်အောက်ခံ ဒုတိယစစ်ဦးစီး ချုပ်ခန့်အပ်သည့်အပေါ် နားမ လည်နိုင်ကြောင်း အထွေထွေအ တွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်း ကပြောသည်။
‘‘KNUတပ်မဟာ (၁)နဲ့ (၅)က လက်ခံသဘောတူထားပြီးဖြစ်ပေမယ့် ဗဟိုနဲ့ တပ်မဟာ-၇က ပြင်းပြင်းထန်ထန် ငြင်းဆန် ထားတဲ့အနေအထားရှိနေတယ်’’ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှအဆင့်မြင့် အရာရှိကြီး တစ်ဦးကပြောသည်
7Day Daily

No comments:
Post a Comment