Friday, December 05, 2014

IS တို့၏ နောက်ဆုံးပေါ်လူသတ်လက်နက် (သို့) ၁ဝပေရှည်သော ရိုင်ဖယ်သေနတ်



IS အကြမ်းဖက်အဖွဲ့တွင် အလျား ၁ဝ ပေရှိပြီး သာမန်ထက် သုံးဆပို၍ကြီးသည့် ကျည်ဆန်ထည့်၍ ပစ်ခတ်နိုင်သော လူသတ်လက်နက် သစ်တစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း Daily Mail သတင်းအရ သိရသည်။သာမန်ထက်ပို၍ကြီးမားသော ယင်းရိုင်ဖယ်သေနတ်ကိုပစ်ခတ်၍ သုံးချောင်းထောက်ဒေါက်နှစ်ချောင်းကို အသုံးပြုရပြီး ထိုသေနတ်ကို အသုံးပြု၍ တိုက်ပွဲဝင်နေသော ခိုဘာနီ မြို့မှ IS စစ်သွေးကြွ တစ်ဦး၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် ထိုသို့ရေးသားဖော်ပြခဲ့ခြင်း လည်း ဖြစ် သည်။
ထိုရိုင်ဖယ်သေနတ်အသစ်တွင် ၂၃မီလီမီတာကျည်ဆန်များကို ထည့်၍ ပစ်ခတ်နိုင်ပြီး ထိုအရွယ်အစားက သာမန်ကျည်ဆန် များထက် များစွာကြီးမားသည်။ 

လတ်တလောအချိန်၌ လူသတ်လက်နက်အသစ်၏ အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ အမျိုးမျိုးငြင်းခုံနေကြဆဲဖြစ်သော် လည်း လက်နက်ရေးရာကျွမ်းကျင်သူ ဒေးဗစ်ဒေဆန်၏ပြောကြားမှုအရ ထိုသေနတ်၏ အကျိုးသက်ရောက်မှုကို အတည်ပြု ရေးအတွက် အဓိက ပြဿနာမှာ ယင်းသေနတ်ပြောင်း၏ အကျယ်မည်မျှ ရှိမည်ဆိုခြင်းကို မည် သူ မှ တိတိကျကျမသိရခြင်းဟု ယင်း ကဆိုသည်။ 

သို့သော်ထိုသေနတ် ပြောင်းအကျယ်က ယခုခန့်မှန်းနေကြ သကဲ့သို့ ၂၃ မီလီမီတာနှင့် များစွာမ ကွာခြားနိုင်သည်ဟုလည်း ၄င်းက သုံးသပ်သည်။ 

ဒုတိယနှင့် အရေး ပါဆုံးပြဿနာမှာ ထိုသေနတ်ကို မည်သို့ပြုလုပ်ထားသည်ဆိုခြင်း နှင့် ထိုသေနတ်ပြောင်းသည်မည်သို့ သောအမျိုးအစားဖြစ်သည်ဆို ခြင်းပင် ဖြစ်ကြောင်း ဒေဆန်က ပြောသည်။

ထို့အပြင်သေနတ်၏ အကျိုး သက်ရောက်မှုသည် သေနတ်ကျည် ဆန်တွင် အသုံးပြုသည့် ခဲယမ်းအ မျိုးအစားနှင့်လည်း သက်ဆိုင်နေ ကြောင်း၊ အကယ်၍ ထိုကျည်ဆန် သည် ၂၃ မီလီမီတာရှိပါက ယင်း သို့ မီးလောင်နိုင်သည့် အင်အားပြင်း ပေါက်ကွဲရေးပစ္စည်းများ (သို့)ဖျက် အားပြင်းခဲယမ်းများ ထည့်သွင်းနိုင် ကြောင်းလည်း ဒေဆန်ကပြောသည်။ 

ဒေဆန်က ဖော်ပြပါကျည်ဆန် များသည် လူများကိုသာမက လက် နက်တင်ဆောင်ထားသည့် အပေါ့ စားယာဉ်ငယ်များ ကိုပင် ဖျက်ဆီးနိုင် ကြောင်းလည်း ဆက်လက်ပြောကြား ခဲ့သည်။ 

Ref, Mail Online
Yangon Media Group

No comments:

Post a Comment

My Blog List