Wednesday, December 03, 2014

အစိမ်းရောင် စီးပွားရေးဆိုင်ရာ အာဆီယံဌာနနှင့် အစိမ်းရောင်စီးပွားရေး ဗဟိုဌာန နော်ဝေဘုရင်နှင့် မိဖုရား တက်ရောက်ဖွင့်လှစ်



အစိမ်းရောင် စီးပွားရေးအတွက် အစိမ်းရောင် စီး ပွားရေးဆိုင်ရာ အာဆီယံဌာန (ASEAN Institute for Green Economy) နှင့် အစိမ်းရောင်စီးပွား ရေးဗဟိုဌာန Center of Excellence for Greening,CoE-G ဖွင့်ပွဲအ ခမ်းအနားကို နော်ဝေနိုင်ငံ ဘုရင် ဟာရယ်နှင့် မိဖုရားတို့ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်မြို့ရှိ အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်ရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေ သနဦးစီးဌာနဝင်းအတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

နော်ဝေနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး မစ္စမော်နီ ကာ မေလန်ဒ် က ''ဒီအစိမ်းရောင်ဖွံ့ ဖြိုးမှု လေ့လာ သင်ကြားရေး ဗဟို ဌာနဟာ အရှေ့တောင် အာရှဒေသ နိုင်ငံများ မဟာမိတ်အဖွဲ့ (ASEAN) ရဲ့ အစိမ်းရောင် စီးပွားရေး ဆိုင်ရာ ဌာနကို အဆောက်အအုံတစ်ခုတည်း မှာ ရုံးခန်းတည်ရှိစေပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ သိရတဲ့ အတွက် ကျွန်မများစွာဂုဏ်ယူဝမ်း မြောက်မိပါတယ်။ ရန်ကုန်မြို့အိုအေ စစ်တစ်နေရာမှာ ရေရှည်တည်တံ့ခိုင် မြဲစေမယ့် ပစ္စည်းများနဲ့ ဆောက်လုပ် ထားတဲ့ ဤလေ့လာသင်ကြားရေး ဌာန အဆောက်အအုံဟာ ကျွန်မတို့ ကြိုးစားအကောင် အထည်ဖော်နေ သည့် ရေရှည်တည်တံ့ခိုင်မြဲမယ့် သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော် မည့်နည်းပညာအတွက် သင်္ကေတ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အဆိုပါ ဗဟိုဌာနဖွင့်လှစ်ရ ခြင်းမှာ အာဆီယံနိုင်ငံများတွင် အစိမ်းရောင် စီးပွားရေး၏ ရည်မှန်း ချက်များ(စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး) အများဆုံး တွေ့ကြုံနေ ရသည့် ပြဿနာများအား ဖြေရှင်း နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံ များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး နေရာ တစ်နေရာ ပံ့ပိုးပေးရန်၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ အာဆီယံဌာနနှင့် Center of Excellence for Greening တို့ကြား ကုန်ကျစရိတ် နည်းနည်းဖြင့် ထိရောက်မှုရှိပြီး အကျိုးသက်ရောက်မှုကို ဦးတည် သော စီမံကိန်းများ ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်စေရန်နှင့် အဆင် ပြေချောမွေ့စေရန်ဖြစ်ကြောင်း သိရ သည်။ ASEAN Institute for Green Economy အတွက် ဖွဲ့စည်း ရန်ပြင်ဆင်ထားပုံမှာ အာဆီယံ ဒေ သ တွင်း နိုင်ငံများမှ ကိုယ်စားလှယ် တစ်ဦးဖြင့် အဖွဲ့ဝင်ဆယ်ဦးပါဝင်သည့် ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်း ပြီး ဦးဆောင်အဖွဲ့အစည်း၏ င်္သခေူ အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ လုပ် ကိုင် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြည် ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ GEGG-Myanmar (Not for Profit)Association မှ ဥက္ကဋ္ဌ ဦးသိန်းထွန်း နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း များ တက်ရောက် ခဲ့ကြောင်း သိရသည်။ 

Yangon Media Group

No comments:

Post a Comment

My Blog List