Thursday, December 04, 2014

အိမ်ယာမဲ့ မြန်မာ အမျိုးသမီးတဦး အမေရိကန်တွင် သေဆုံး



အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အော်လ်ဘာနီမြို့က ပြတိုက်မှာ ဒီဇင်ဘာ ၂ ရက်နေ့က သေဆုံးသွားနေ တဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ကလေး တယောက်မိခင် ထီးဂေဖော ဖြစ်ပြီး ယောက်ျားနဲ့ အတူ အရင်နှစ်က အမေရိကန်ကို လာရောက်အခြေချနေ ထိုင်တာလို့ ဆိုပါတယ်။
နီးစပ်သူတချို့ရဲ့ အဆိုအရ သူဟာ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည် စခန်းကနေ အမေရိကန်ကို သွားရောက် အခြေ ချနေထိုင်တာလို့ ပြောပါတယ်။

အရက်သောက်တတ်တဲ့ ဖောဟာ ယောက်ျားနဲ့ကွဲသွားပြီး ဧပြီမှာ တရားရုံးက ကလေးကို ယောက်ျားနဲ့ ပေးဖို့ ဆုံးဖြတ်ပြီး တဲ့နောက် အိမ်ယာမဲ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သူရဲ့ နောက်ဆုံးရက်တွေမှာ ခြေထောက်တွေ နာနေတဲ့အတွက် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရတယ်လို့လည်း ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List