Tuesday, December 02, 2014

အီဘိုလာ ပျံ့နှံ့မှု အန္တရာယ် ကြီးမားစွာ ရှိနေသေးကြောင်း ကုလသမဂ္ဂ မစ်ရှင် အကြီးအကဲ တိုနီဘန်ဘူရီပြော



ကမ္ဘာကြီး၏ အခြားဒေ သများသို့ အီဘိုလာ ရောဂါပျံ့နှံ့နိုင်သည့် အန္တရာယ် ကြီးမားစွာ ရှိနေဆဲ ဖြစ်ကြောင်း အနောက် အာဖရိကရှိ ကုလသမဂ္ဂ အီဘိုလာ တိုက်ဖျက်ရေး မစ်ရှင် အကြီးအကဲက ပြောကြား လိုက်သည်။ အီဘိုလာတိုက် ဖျက်ရေးနှင့် ပတ်သတ်၍ ချမှတ်ထားခဲ့သော ရည်မှန်း ချက်များမှာ အချို့နေရာများတွင် တနင်္လာ နေ့အမီ ပြည့်မီခြင်း မရှိသေးဟု အီဘိုလာ တိုက်ဖျက် ရေးမစ်ရှင် အကြီးအကဲ တိုနီဘန်ဘူရီက ဆိုခဲ့သည်။
အီဘိုလာ ရောဂါ ခံစားနေ ရသူများအား ကုသစောင့် ရှောက်မှု ပိုမိုပေး နိုင်ရေး၊ အီဘိုလာကြောင့် သေဆုံးသွား သူများ၏ ရုပ်အလောင်း များကို ဘေးကင်း လုံခြုံစွာ မြှုပ်နှံနိုင်ရေး စသည်တို့နှင့် ပတ်သတ်၍ ရည်မှန်း ချက်များ ချမှတ် ခဲ့ခြင်း ဖြစ်သည်။

အီဘိုလာ ရောဂါဒဏ် အခံရဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည့် ဖရီးတောင်းမြို့တွင် ကုလသမဂ္ဂ မစ်ရှင် အကြီးအကဲက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆီယာရာ လီယွန်နိုင်ငံ၏ မြို့တော်တွင် ရုပ်အလောင်းများ မြှုပ်နှံမည့် နေရာ သစ်တစ်ခု ဖော်ဆောင် ရန်အတွက် မြေထိုး စက်ယာဉ် များသည် မြေနေရာကို နို ၀င်ဘာ ၃၀ က ရှင်းလင်း ခဲ့ကြသည်။

“တကယ်လို့ ရောဂါကူး စက်မှုကို အောင်အောင် မြင်မြင် ရပ်တန့်နိုင် ဖို့ဆိုရင် အီဘိုလာရောဂါ ခံစားနေ ရသူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း အထိကို ကုသစောင့် ရှောက်ပေးနိုင်ရေး နဲ့ အီဘိုလာ ဝေဒနာ ရှင်တွေရဲ့ ရုပ်အလောင်း တွေရဲ့ ၇၀ ရာခိုင်နှုန်း အထိကို ဘေးကင်း လုံခြုံစွာ မြှုပ်နှံနိုင်ရေး ဆိုတဲ့ ရည်မှန်း ချက်တွေ ကို ဒီဇင်ဘာ ၁ရက်နေ့ အမီ ပြည့်မီဖို့ လိုပါတယ်” ဟု အောက်တိုဘာလ အတွင်းတွင် ဘန်ဘူရီက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အား ပြောကြားခဲ့သည်။

Ref: BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List