အောက်တိုဘာလ ၁၀ ရက်နေ့သည် မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ ၆၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ် သည်။ နှစ်စဉ် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိသည့် အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားကို ခေါင်းဆောင် Kim Jong-Un တက်ရောက်မည်လားဆိုသည်ကို ကမ္ဘာနိုင်ငံခေါင်းဆောင် အများအပြားက စောင့်ကြည့်နေကြမည် မှာ သေချာလှသည်။
Kim Jong-Un သည် စက်တင်ဘာလ အတွင်း အချို့သော နိုင်ငံရေး တွေ့ဆုံမှု များ အတွက် ပျက်ကွက် ခဲ့သည်လို့ နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြပါရှိ ပါသည်။ မြောက်ကိုရီးယား ၏ တစ်ခုတည်းသော သတင်းဌာနကတော့ Kim Jong-Un ဟာ အဆစ်အမြစ်ရောင် ဂေါက်ရောဂါ ကို ခံစားနေရသဖြင့် ကုသမှု များ ခံယူနေသည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။
သူသည် ဆေးလိပ်၊ အရက် နှင့် ဆွစ်ချိစ်တို့ကို စွဲလမ်းသူ ဖြစ်ပြီး ဂေါက်ရောဂါ ခံစားနေရသည် ဆိုခြင်းမှာ ဖြစ်နိုင်ချေများကြောင်း အမေရိကန်မှ မြောက် ကိုရီးယား လေ့လာသုံးသပ်သူများ က ပြောကြားပါသည်။
ယခုအချိန်မှာ သုံးသပ်ချက်များက မျိုးစုံထွက်ပေါ်လျက်ရှိပါသည်။ အချို့ကလည်း သူကို အာဏာလု လိုသည့် မိသားစုအသိုင်းအ၀ိုင်းက အကျယ်ချုပ်ထားသည် ဟု ပြောကြားကြပါသည်။
မည်သို့ပင် ဆိုစေကာမူ ယနေ့ သောကြာနေ့တွင် ပြုံးယမ်းတွင် ကျင်းပမည့်အဆိုပါ ပါတီနှစ်ပတ်လည်နေ့ကို
ယခင်နှစ်များမှာကဲ့သို့ Kim Jong-Un တက်ရောက်ပြီး မိန့်ခွန်း ပြော မပြော ပေါ်မူတည်ပြီး သုံးသပ်မှုများစွာ ထပ်မံပေါ်ထွက်လာမည် ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် တရုတ်၏ အကူအညီဖြင့် နူကလီးယား ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ယူဆ ထားကြသည့်အတွက် မြောက်ကိုရီးယားကို အမှန်ဦးဆောင်သူမှာ မည်သူ မည်ဝါ ဖြစ်သည်ကို အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် တို့က အထူးပင် စိတ်ဝင်စားခြင်း ဖြစ်ကြသည်။
Ref - Washington Post
The Ladies News Journal
No comments:
Post a Comment