Thursday, October 09, 2014

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူးကို ကယ်တင်ရေး အပြင်းအထန်ကြိုးစားနေ


ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက်  မြန်မာရဟတ်ယာဉ်မှူးကို  ကယ်တင် နိုင်ဖို့ အပြင်းအ ထန် ကြိုးစားနေတယ်လို့ ထူးဖော်ဒေးရှင်းက သတင်း ထုတ်ပြန်ပါတယ်။ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ် အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့  ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့တဲ့ ရဟတ်ယာဉ်မှူး Chatchawal ကို ဒီနေ့ မနက်ပိုင်း ရှာဖွေကယ်ဆယ်နိုင်ခဲ့ တာပါ။

ဒဏ်ရာအနည်းငယ် ရရှိထားတဲ့ ထိုင်းရဟတ်ယာဉ်မှူး Mr. Chatchawal ကို အခုအခါ လန်ဆာထု ကျေးရွာ ကို ဒေသခံရဝမ်လူမျိုးတွေရဲ့ အကူအညီနဲ့ ခေါ်ဆောင်လာပြီး  လန်ဆာထုကျေးရွာမှာ ခတ္တနားစေမှာဖြစ်ပါ တယ်။

မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုးကတော့ မျက်လုံး ထိခိုက်ဒဏ်ရာ ရထားတယ်လို့ သိရပြီး တောတွင်း ရှိ ဂူတဂူထဲမှာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

DVB

No comments:

Post a Comment

My Blog List