Friday, October 10, 2014

မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ပထမပတ်တွင် နော်ဝေ ဘုရင်နှင့် ဘုရင်မ လာရောက်မည်ဟု သတင်းထုတ်ပြန်




နော်ဝေဘုရင် ဟာရဲလ်နှင့် မိဖုရားဆွန်ယာတို့သည် ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်မည် ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ 
ဒီဇင်ဘာ ၁ မှ ၃ အထိ လာရောက်မည့် ခရီးစဉ် တွင် နော်ဝေဘုရင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဘော့ဂ်ဘရန်ဒီ၊ကုန်သွယ်
ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး မိုနီကာမေလန်နှင့် နော်ဝေ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ တပါးတည်း လိုက်ပါလာ မည်ဖြစ်သည်။



နော်ဝေနှင့် မြန်မာအစိုးရကြား ဆက်သွယ်ရေး ကောင်းမွန်တိုးတက်လျက်ရှိသည်ဟု မိုနီကာမေလန် က ပြောကြားခဲ့သည်။ နော်ဝေ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး သဘာဝ သယံဇာတ များအား ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် အသုံးပြု ၍ နိုင်ငံကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင် ရေး အာရုံစိုက်ထားသည် ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံသို့ သွားရောက်ပြီး နိုဗယ်ဆု အား လက်ခံရယူစဉ်က နော်ဝေ ဘုရင်နှင့် ဘုရင်မ သီးသန့် လက်ခံတွေ့ဆုံကာ ညစာစားပွဲဖြင့် ဘုရင့်နန်းတော်တွင် ဧည့်ခံခဲ့ပြီး နောက်တစ်နေ့ တွင် ဒေါ်အောင်ဆန်း စုကြည် ပြောကြားသည့် နိုဗယ်မိန့်ခွန်းအားလည်း တက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့သည်ဟု သိရပါသည်။

ယခုကဲ့သို့ ဥရောပ နိုင်ငံတစ်ခုမှ ဘုရင်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းမှာ မရှိသလောက် ရှားပါးသည်ဟု လည်း သိရပါသည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List