Friday, October 10, 2014

ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူ


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန်သဘောတူပြီး လိပ်ကျွန်းလူသတ်မှုကို တရားဥပဒေနှင့်အညီ ဖြစ်စေရန်၊ အမှုစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ထိုင်း ရောက် ရွှေ့ပြောင်းလုပ်သားများ အရေးအပါ အ၀င် ထိုင်း-မြန်မာနယ်စပ်မြို့သုံးမြို့ကို ညီအစ်မမြို့အဖြစ်သတ်မှတ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုး လိုက်ကြောင်း သတင်းရရှိသည်။

သို့သော်ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရချင်းဆက်ဆံ ရေးနှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားအပေါ် အဓိကထားဆွေးနွေး မည်သာဖြစ် ပြီး မြန်မာရွှေ့ပြောင်းလုပ်သား အရေးနှင့် လိပ်ကျွန်း လူသတ်မှု ကိစ္စတို့ကို ကြည့်ကောင်းရုံသာ ဆွေးနွေးမည့်ပုံစံမျိုးဖြစ်ကြောင်းထိုင်း-မြန်မာနှစ်နိုင်ငံ နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြော ကြားသည်။

အောက်တိုဘာ ၉ ရက် ည နေတွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးချုပ် ပရာ ယွတ်တို့ တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်တွင် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ယင် လပ်အစိုးရလက်ထက်က အစိုးရ ချင်းလုပ်ကိုင်ရန် သဘောတူထား သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်ရန် နှစ်ဖက်စလုံးက သဘော တူပြီး အစိုးရချင်းပံ့ပိုးမှု များပြုလုပ်၍ အမြန်ဆုံးဆောင် ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်က ပြောသည်။

‘‘လိပ်ကျွန်းလူသတ်မှု မျှမျှ တတဖြစ်ဖို့၊ အမှုစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ထိုင်း ရောက် မြန်မာရွှေ့ပြောင်းလုပ် သားတွေကို ကူညီကာကွယ် စောင့်ရှောက်ဖို့ မြန်မာဘက်က မေတ္တာရပ်ခံပါတယ်။ ထိုင်းနိုင်ငံ ဘက်ကလည်း နှစ်နိုင်ငံချစ်ကြည် ရေးအရ အခုလည်း မြန်မာအလုပ် သမားတွေကို ပတ်စ်ပို့ မရခင် ယာယီနေထိုင်ခွင့်တွေ ပေးထား တယ်။ လိပ်ကျွန်းလူသတ်မှုကို လည်း မျှမျှတတဖြစ်စေပါမယ်ဆို ပြီး ပြန်ဆွေးနွေးပါတယ်’’ဟု ၎င်းကပြောကြားသည်။

ခရီးစဉ်အတွင်း မြန်မာ- ထိုင်းနယ်စပ်မြို့ သုံးမြို့ဖြစ်သည့် ကော့သောင်း-ရနောင်း၊ ချင်းမိုင်−ကျိုင်းတုံ၊ မြိတ်−ပရာကျွတ်ကရိကန်တို့ကို ညီအစ်မမြို့အဖြစ် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ညီအစ်မမြို့ သုံးခုတည် ထောင်ဖို့ သမ္မတနဲ့ ၀န်ကြီးချုပ်တို့ က စာချွန်လွှာ လက်မှတ်ထိုးပါ တယ်။ စာချုပ်ထဲမှာတော့ ညီ အစ်မမြို့ဖြစ်ရင် ဘာတွေလိုချင် တယ်ဆိုတာ နှစ်ဖက်ညှိနှိုင်းပြီး ထည့်ထားတဲ့ အချက်တွေရှိပါ တယ်။ မြန်မာရွှေ့ပြောင်း လုပ် သားတွေအတွက်လည်း ဒီစာချုပ် က နှစ်ဖက်လိုချင် တာထည့်တာဆိုတော့ အကျိုးရှိစေမှာပါ’’ ဟု ဦးစံ လွင်ကပြောကြားသည်။

မြန်မာသို့ ပထမဆုံး လာ ရောက်သည့် ၎င်း၏ခရီးစဉ်တွင် ရွှေ့ပြောင်းလုပ်သားများ အရေး နှင့် ၎င်းတို့၏ အနာဂတ်အတွက် ဆွေးနွေးခြင်း၊ မြန်မာအာဆီယံ ဥက္ကဋ္ဌတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်းနှင့် ထား ၀ယ် ရေနက်စီမံကိန်းကို ဆက် လက်လုပ်ကိုင်ရန်တို့ကို ဦးစား ပေးတိုက်တွန်းဆွေးနွေးဖွယ်ရှိပြီး လိပ်ကျွန်းလူသတ်မှုမှာ စုံစမ်း စစ် ဆေးဆဲအနေအထားတွင် ဖြစ်၍ ထိုအချက်ကို အလေးပေးဖွယ်မရှိ ကြောင်း ထိုင်းနိုင်ငံသားသတင်း စာဆရာမစ္စတာက၀ီကပြောသည်။

‘‘ထိုင်းဝန်ကြီးချုပ်က အခု မြန်မာပြည်သူတွေ စိတ်ဝင်စားတဲ့ ရွှေ့ပြောင်းလုပ်သားတို့၊ ခိုတောင်ကျွန်းလူသတ် မှုတို့ကို တကယ် လှိုက်လှိုက်လှဲလှဲ ဆွေးနွေးမယ် မထင်ဘူး။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မြန်မာဆီက သူတို့ အစိုးရအပေါ် ထောက်ခံမှုကိုနက်နက်နဲနဲလိုချင် လို့ ဒီကိစ္စတွေကို ကြည့်ကောင်း ရုံဆွေးနွေးတာပဲရှိ တယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထား သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ ယခုနှစ် မေလ ၈ ရက်တွင် အာ ဏာသိမ်းခဲ့ခြင်းဖြစ်သည်။ စစ် အာဏာသိမ်းထားစဉ် စစ်တပ် အုပ်ချုပ်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ထောင် သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်နှိပ် စက်ခြင်း စသည့်လူ့အခွင့်အရေး ချိုးဖောက်မှု များကျူးလွန်ခဲ့သည် ဟု စွပ်စွဲခံနေရပြီး ဒီမိုကရေစီ စနစ် နောက်ပြန်လှည့်သွားသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးဆက်ဆံမှုများ ဖြတ်တောက်ခြင်း ခံထားရသည်။

ဝန်ကြီးချုပ် ပရာယွတ်သည် အာဏာသိမ်းခေါင်းဆောင်ဖြစ် ပြီး နိုင်ငံတကာ၏ ဝေဖန်မှုခံနေရချိန်တွင် အစိုးရ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရပ်တည်နေကြောင်း ပြသရန်နှင့် နိုင်ငံရေး တွင် စစ်တပ် ပါဝင်ပတ်သက်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိသည့် မြန်မာနိုင်ငံ၏ ပုံစံကို အတုယူရန် ယခု ခရီးစဉ်တွင် ပိုမိုအာရုံစိုက်မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံရေးရာ သုတေ သီ Ji Umpakorm ကပြောကြား ကြောင်း BBC သတင်းဌာန ၌ဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List