Friday, October 10, 2014

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဘယ်ပျောက်နေလဲ ???



အခုတလော ကမ္ဘာမီဒီယာတွေမှာ ရေပန်းစားနေတာကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့သတင်းတွေပါဘဲ။ကောလဟာလတွေကလည်း အတော်ပျံ့နှံနေတာပါ။

မြောက်ကိုရီးယားမှာ ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီလို့ မြောက်ကိုရီးယား မီဒီယာက ပြောတဲ့ ကင်ဂျုံအန် တယောက် ကျန်းမာရေးဆိုးနေတာဆိုတာကအစ အာဏာသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံနေရ တယ်ဆိုတာ အလယ်၊ မစ္စတာ ကင်ဂျုံအန် သေသွားပြီဆိုတာထိ ကောလဟာလတွေက အတော်ကို ပျံ့နေ တာပါ။ 

ကင်ဂျုံအန်ကို နောက်ဆုံး လူမြင်ကွင်းမှာတွေ့ရတာကတော့ ပြီးခဲ့တဲ့စက်တင်ဘာလ ၃ ရက်နေ့ကပါဘဲလို့ ကမ္ဘာ့ မီဒီယာတွေက ရေးကြတယ်။

တဆက်တည်းမှာ  ပြီးခဲ့တဲ့သတင်းပတ်က တောင်ကိုရီးယားကို အလည်အပတ် သွားတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့မှာ ဦး ဆောင်သူကတော့ ကင်ဂျုံအန်ရဲ့ အဓိက အကူ မစ္စတာ Hwang Pyong So ဖြစ်ပြီး ၁၇ ကြိမ်မြောက် အင်ချွန် အာရှ အားကစား ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ 

သူဟာ ကင်ဂျုံအန်ပြီးရင် သြဇာအကြီးဆုံးဖြစ်တယ်လို့ ယူဆချက်တွေလည်း ရှိနေပြီး လူမြင်ကွင်းမှာ ၁ လ ကျော်ကာ လ အတွင်း Hwang Pyong So ဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ တရားဝင် မီဒီယာကလည်း ဆက်တိုက်ဆိုသလို ဖော် ပြနေတာတွေကြောင့် သူ့အပေါ် အထူးအာရုံစိုက်နေကြတယ်။ 

တချို့ကလည်း မြောက်ကိုရီးယားရဲ့ ခေါင်းဆောင် လစ်လပ်မှုကိစ္စမှာ အသက် ၆၀ ကျော် မစ္စတာ Hwang Pyong So ဖြစ်လာနိုင်ဖွယ်ရှိ တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ရှိလာနေပါတယ်။ 

ကင်ဂျုံအန် လူမြင်ကွင်းက ပျောက်ကွယ်နေမှုဟာ တောင်ကိုရီးယားအပါအ၀င် နိုင်ငံတကာကလည်း အထူး စိတ်ဝင် တစား စောင့်ကြည့်နေကြပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List