Thursday, October 09, 2014

M ဂျာဆိုင်း Miss Grand International 2014 ဆု လွဲချော်


Miss Grand International 2014 ပြိုင်ပွဲကို အောက်တိုဘာ ၇ရက်ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည်ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။

Miss Grand International 2014 ပြိုင်ပွဲကို Miss Golden Land Myanmar Organization မှ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် M ဂျာဆိုင်းက ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။

ယင်းပြိုင်ပွဲ၏ ဆန်ခါတင် အယောက် ၂၀ ရွေးချယ်မှုနှင့် Top 5 Finalist Miss Grand International 2014 ရွေးချယ်မတှု ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ကျူဘား၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့ ပါဝင်ခဲ့သော် လည်း မြန်မာနိုင်ငံသည် ပါဝင်ခြင်း မရှိခဲ့ပေ။

Miss Grand International 2014 ဆုကို ကျူးဘားနိုင်ငံမှ မစ်ဒါရန် နီးလီးစ် ၂၀၁၄ က ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲ၏ နိုင်ငံ့ဝတ်စုံကိုယ်စားပြု ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံတို့က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံမှအလှမယ် M ဂျာဆိုင်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသည့် စစ်ပွဲများနှင့် နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ငြိမ်းချမ်းစေရေးအတွက် ရည်ရွယ်ပြီး ဆန်းသစ်တီထွင် ထားတဲ့ သိန်း ၅၀ တန်ဖိုး ရှိသည့် ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နိုင်ငံ့ကိုယ်စားပြုဝတ်စုံဆုကို ဗီယက်နမ်နိုင်ငံက ရရှိခဲ့သည်။

အလှမယ် M ဂျာဆိုင်း ယှဉ်ပြိုင်ခဲ့သည့် ဝတ်စုံသည် ကချင်ဝတ်စုံချုပ်သည့်နည်းဖြင့် ဒီဇိုင်းနာကိုယ်တိုင် လက်ဖြင့်အနုစိတ် ပြန်ထိုးကာ ကချင်ငွေမောင်းကွင်းများနှင့် အလှဆင်ထားပြီး မြန်မာချိတ်ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသည်။ ယင်းအပြင် နတ်သမီး ခေါင်းဆောင်းကိုလည်း ကချင်ရိုးရာ အငွေ့အသက်များ ပါဝင်စေရန် ဆန်းသစ် ထားသည်။

ညနေခင်း မင်္ဂလာဝတ်စုံဆုကို အင်ဒိုနီးရှားနိုင်ငံက ရရှိခဲ့ပြီး အကောင်းဆုံး ရေကူး ဝတ်စုံဆုကို ထိုင်းနိုင်ငံ ကရှရှိခဲ့ကာ အကောင်းဆုံး လူမှုဆက်ဆံရေး မီဒီယာဆုကို ဂျပန်နိုင်ငံ က ရရှိခဲ့သည်။

Miss Grand International 2014 ဆုအတွက် ထင်ပေါ်ကျော်ကြားဆုံးဆု၏ ဒုတိယ နေရာတွင် မြန်မာနိုင် ငံက ရပ်တည်ခဲ့သော်လည်း ယင်းဆုကို ကမ္ဘော ဒီးယားနိုင်ငံက ရရှိခဲ့သည်။

အွန်လိုင်းမှ မဲပေးရာ၌ မြန်မာနိုင်ငံအတွက် မဲပေးမှုတွင် မဲလိမ်မှုများရှိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List