Monday, October 06, 2014

ရုပ်သံလွှင့် ဥပဒေကြမ်း ဆွေးနွေးတော့မည်


ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အစိုးရခွင့်ပြုထားသော အသံလွှင့်မီဒီယာများနှင့် သတင်းစာသာ ထုတ်ခွင့် ရသေးသည့် ပုဂ္ဂလိကမီဒီယာတို့ တန်းတူယှဉ်ပြိုင်ခွင့် အခြေအနေသည် ဥပဒေပြဋ္ဌာန်းပြီးမှဖြစ်မည်ဟု မဇ္ဈိမကို ဆိုထားသည့် ရုပ်သံလွှင့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ မကြာမီတင်သွင်းမည်ဟု ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က အောက်တိုဘာ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

အခန်း ၁၄ ခန်း ပါဝင်သည့် ရုပ်သံလွှင့် ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၇ တွင် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းခဲ့သော်လည်း ဖြည့်စွက်ပြင်ဆင်ရန် အချက်များကျန် ရှိနေသောကြောင့် ယခုချိန်ထိ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"အချိန်အတိအကျတော့ မပြောနိုင်ပါဘူး" ဟု ကော်မတီဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနကသာ လုပ်ကိုင်ခွင့် ရရှိထားသော်လည်း အဆိုပါရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ အတည်ဖြစ်ပါက ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကပိုင်းက လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းကာ Sky Net၊ Forever ကုမ္ပဏီတို့က ရုပ်မြင် သံကြားနှင့် မြို့တော် FM၊ မန္တလေး FM၊ ချယ်ရီ FM၊ ရွှေ FM၊ ပဉ္စဝတီ FM၊ ပတ္တမြား FM၊ ပုဂံ FM နှင့် သဇင် FM စသည်တို့က ရေဒီယိုလိုင်းများ ထုတ်လွှင့်နေသည်။ ၂၀၁၁ခုနှစ် နောက်ပိုင်း ရုပ်သံထုတ်လွှင့်လိုသည့် ကုမ္ပဏီများ ရှိလာသော်လည်း ဥပဒေမရှိ၍ လုပ်ကိုင်ခွင့် မရသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List