Friday, October 10, 2014

ခိုတောင်ကျွန်း လူသတ် တရားခံ အဖြစ် ဖမ်းဆီးထားသူများကို ထိုင်းမီဒီယာများ တွင် မြန်မာနိုင်ငံသားများဟု မဖော်ပြရန် ၀န်ကြီးချုပ် ပရာယွတ် ညွှန်ကြား






ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်ခရီးသည် ၂ ဦး အသတ်ခံရမှု နှင့် ပတ်သက် ၍ ရဲတပ်ဖွဲ့၏ စုံစမ်းစစ် ဆေးမှုအစီ ရင်ခံစာအား ဆူရက်ဌာနီ အစိုးရရှေ့နေများက ပြန်လည်ပေးအပ်ကာ ပိုမို အရေးပါ တိကျသည့် အချက်အလက်များ ထပ်မံရှာဖွေရန် တောင်းဆိုလိုက်သည်။ ထိုလူသတ်မှုမှာ ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်မှုများ ခံနေရသည်ဟု အစိုးရရှေ့နေ များကဆိုသည်။ စာမျက်နှာ ၈၅၀ ပါ အစီရင်ခံစာရှိ ချို့ ယွင်းချက်များ ပြင်ဆင်ရန် လိုရင်း တိုရှင်းဖြစ်စေရန် ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRC အဖွဲ့ဝင် ပရင်ယာဆီရီ ဆာရာကန် က ရင်ခွဲစစ်ဆေးမှု အချက် အလက်သစ်များနှင့် ၎င်းင်းတွေ့ဆုံ ခဲ့ သော သံသယရှိသူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့၏ ပြောကြားချက်များကို ဖော်ပြခဲ့သည်။ 

ရခိုင်တိုင်းရင်းသား သံသယရှိသူ ၂ ဦးကို စစ်ဆေးရာတွင် ဘာသာစကား မတူသူ တစ်ဦးအား စကားပြန်အဖြစ် ရဲတပ် ဖွဲ့က အသုံးပြုခဲ့သည်ဟု ပရင်ယာ က ဆိုသည်။ သံသယရှိသူ ၂ ဦး က ၎င်းင်းတို့အား ရဲက သင့်လျော်စွာ ဆက်ဆံ ခဲ့ခြင်း မရှိဘဲ ဒဏ်ရာရစေခဲ့သည်ဟုဆိုကြောင်း ပရင်ယာက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုင်းမီဒီယာများအား သံသယရှိသူ၏ နိုင်ငံအမည်ကို ထည့်သွင်း ပြောကြားခြင်း မပြုဘဲ ရွှေ့ပြောင်းလုပ်သားများဟု သာဖော်ပြရန် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ က တောင်းဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ မီဒီယာများက သံသယရှိသူများမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှဖြစ်သည်ဟု ဖော်ပြပြီး နောက်ဝန်ကြီးချုပ်က ထိုင်း မီဒီယာများ အား ထိုသို့ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာ က ဖော်ပြသည်။

NHRC နှင့် မြန်မာသံရုံးတာဝန် ရှိသူများသည် ခိုတောင်ကျွန်း မှ မြန်မာ ရွှေ့ပြောင်းလုပ်သားများအား ပူးaပါင်းမေးမြန်း ခဲ့ပြီး အချက်အလက် များ စုဆောင်းခဲ့သည်။ အလုပ်သမားအများအပြားက သံသယ ရှိသူများမှာ လူသတ်သမား အစစ် ဟု မယုံကြည်ကြဘဲ လူသတ်မှုအား ၀န်ခံခဲ့ခြင်း နောက် ကွယ်တွင် အကြောင်းရာအချို့ရှိနေမည်ဟု ယုံကြည်ထားကြ သည်။ 

ထိုလူသတ်မှုမှာ ထိုင်းနှင့်မြန်မာအကြား ပြဿနာဖြစ်စေမည် မဟုတ်ဟု ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သာနာ ထက်ပါတီ မာပရာဂွန် က ပြောကြားခဲ့သည်။ စုံ စမ်းစစ်ဆေးမှုရလဒ်နှင့် ပတ်သက်၍ မြန်မာ သံရုံးနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး မည်သည့်ပြဿနာမှ မရှိဟု ၎င်းင်းက ဆိုသည်။

မြန်မာသံရုံးဒုအတွင်းဝန် ဦးထွန်းအေးက ထိုင်းတာဝန်ရှိသူများ ပေးအပ်သည့် သတင်းအချက်အလက်များနှင့်ပတ်သက် ၍ ကျေနပ်မှု ရှိ၊ မရှိ ပြောရန် စော လွန်းနေသေးသည်ဟု ဘန်ကောက်ပို့စ် အား အင်္ဂါနေ့ကပြောကြားခဲ့သည်။ 

ရဲမှူးကြီး ဂျွန်ယွတ်ဆက်က သံသယရှိသူများ လူသတ်ရာတွင် အသုံးပြုခဲ့သည် ဟု ရဲတပ်ဖွဲ့က ယုံကြည်သော ပေါက်တူးနှင့် အခင်းဖြစ်ပွားရာတွင် တွေ့ရှိခဲ့သည့် ကွန်ဒုံးတို့တွင် သံသယ ရှိသူများ၏ DNA မတွေ့ရခြင်းမှာ ပင်လယ်ရေနှင့် အခြား အကြောင်းများကြောင့် ပျောက်ကွယ် သွားခြင်းဖြစ်ဖွယ်ရှိသည် ဟု ပြောဆို ခဲ့သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List