Thursday, October 09, 2014

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အပေါ် အမေရိကန်ကြိုဆို


နိုင်ငံ တော်သမ္မတ၏ အမိန့်ဖြင့် အကျဉ်းသား ၃ဝဝဝကျော်ကို ပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့မှု အပေါ် အ မေရိကန်အစိုးရက ထောက်ခံကြိုဆို ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောကြားခဲ့ကြောင်း သိရသည်။

''မြန်မာအစိုးရအနေနဲ့ အ ကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ အကျဉ်းထောင်တွေကနေ လွတ် မြောက်ခွင့်ပေးလိုက်တာကို ကျွန်မတို့ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေရှိသေးရင်လဲ စိစစ်ပြီး အစိုး ရအနေနဲ့ အမြန်ဆုံးလွတ်မြောက်ခွင့် ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိ သူ Jen Psaki က အောက်တိုဘာ ၇ရက်တွင်ပြုလုပ်သည့် အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်း လင်းပွဲတွင် မြန်မာနိုင်ငံမှ အကျဉ်း သားများကို လွတ်ငြိမ်း ခွင့်ပြုမှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လွတ်ငြိမ်းခွင့်ပြုလိုက်သူများ တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ လက်ကျန် နိုင်ငံရေးအကျဉ်းသား စာရင်းဝင်များ အနက် တစ်ဦးလွတ်မြောက်လာ ကြောင်း သိရသည်။

အောက်တိုဘာ ၇ရက်နေ့တွင် အကျဉ်းကျခံ အကျဉ်းသား ၃ဝ၇၃ ဦးကို သီတင်းကျွတ်ကာလတွင် လူ သားချင်းစာနာထောက်ထားမှုများ ဖြင့် နိုင်ငံတော်သမ္မက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝ၄ပုဒ်မခွဲ(က)အရ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးခွင့်ရှိသဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအားဖြင့်လည်း ကောင်း၊ လူသားချင်းစာနာထောက် ထားမှုကို အလေးပေးခြင်းအားဖြင့် လည်းကောင်း ယင်းကဲ့သို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် နိုင်ငံတော်သမ္မတ ၏ လွတ်ငြိမ်းခွင့်ရရှိခဲ့သူ ၃ဝ၇၃ဦး တွင် နိုင်ငံခြားသားအကျဉ်းသား ၅၈ ဦးပါဝင်ပြီး ယင်းတို့ကို နိုင်ငံအချင်း ချင်း ချစ်ကြည်ရေးနှင့်မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် လွတ်ငြိမ်းခွင့် ပြုခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ထုတ်ပြန်ချက်အရ သိရ သည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List