Friday, October 10, 2014

အမေရိကန်တွင် အီဘိုလာဝေဒနာရှင် ကွယ်လွန်၍ လေဆိပ်တွင် စစ်ဆေးမှုများ ချဲ့ထွင်ပြုလုပ်မည်


အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်တွင် အီဘိုလာရောဂါ ပထမဆုံး ဖြစ်ပွားသူမှာ အောက်တိုဘာ ၈ ရက်က ကွယ်လွန်သွားခဲ့သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းအား အပြင်းအထန်ပြုစု ကုသပေးခဲ့သော်လည်း ကုသမှုစတင်ခံယူခဲ့ချိန်မှာ နှောင့်နှေးခဲ့သည်။

အမေရိကန်တွင် အီဘိုလာရောဂါ ကူးစက်ပြန့်ပွါမှုအား တားဆီးနိုင်ရန်အတွက် လေဆိပ်တွင် စစ်ဆေးမှုများ ချဲ့ထွင်ပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း အမေရိကန် အစိုးရက ကြေညာထားသည်။

စစ်ဆေးရေး အစီအစဉ်များထဲတွင် အမေရိကန် လေဆိပ်ကြီး ၅ ခုသို့ အနောက်အာဖရိကမှ ရောက်ရှိလာ ကြမည့် ခရီးသည် ရာပေါင်းများစွာ၏ ကိုယ်အပူချိန်များကို တိုင်းတာစစ်ဆေးရေးလည်း ပါဝင်သည်။

ခရီးသည်များအား စမ်းသပ်စစ်ဆေးရေး လုပ်ငန်းစဉ်များကို နယူးယောက်မြို့ရှိ ဂျေအက်ဖ်ကေ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ အောက်တိုဘာ ၄ ရက် တွင် စတင် အကောင်အထည်ဖော် ပြုလုပ်မည်ဖြစ်ပြီးနောက် တွင် ဝါရှင်တန်ဒဲလက်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အတ္တလန္တာ၊ ရှီကာဂို နှင့် နယူးဝါ့ခ်တို့ရှိ အပြည် ပြည်ဆိုင်ရာလေဆိပ်များတွင်ပါ အကောင်အထည်ဖော်မည်ဖြစ်သည်။

တစ်နေ့လျှင် လူ ၁၅၀ ခန့်အား အဆင့်မြင့်နည်းပညာသုံး အပူချိန်တိုင်းကိရိယာ (သာမိုမီတာ)များ ဖြင့် အရေပြားကို မထိဘဲ တိုင်းတာစစ်ဆေးကြမည် ဖြစ်သည်။

အီဘိုလာ ကူးစက်ပြန့်ပွါးမှု အများအပြားဖြစ်ပွါးသော နိုင်ငံ သုံးနိုင်ငံဖြစ်သည့် လိုက်ဘီးရီးယား၊ ဆီယာရာလီ ယွန် နှင့် ဂီနီတို့မှနေ၍ အမေရိ ကန်သို့ လာသော ခရီးသည် ၉၀ရာခိုင်နှုန်းကျော်မှာ အဖျားရှိမရှိ စစ်ဆေး မှုများ ခံယူရမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ဆိုသည်။

ထိုစမ်းသပ်စစ်ဆေးရေး အစီအစဉ်များမှာ အီဘိုလာ ကာကွယ်တားဆီးရေးကို အထောက်အကူပြုမည့် “တကယ်ကို သတိရှိ ၍ ဘေးအန္တရာယ်ကင်းသော” အစီအစဉ်များဖြစ်ကြောင်း သမ္မတ အိုဘားမားက ဆိုခဲ့သည်။ နယ်စပ်ကင်းလှည့် အရာရှိများသည်လည်း နာမကျန်းဖြစ်နေသူများ ရှိမရှိ သတိထားစောင့်ကြည့် နေကြပြီး တစ်ခုခုထူးခြားပါက ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာများ သို့ အေ ကြာင်းကြားရမည် ဖြစ်သည်။

သို့ရာတွင် အဖျားရှိမရှိ စစ်ဆေးမှု လုပ်ငန်းစဉ် အနေဖြင့်၊ အမေရိကန်နိုင်ငံ ဒဲလက်စ်ရှိ ဆေးရုံတစ်ခုတွင် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အီဘိုလာ ကြောင့် သေဆုံးသွားခဲ့သော လိုက်ဘီးရီးယား အမျိုးသား သောမတ်စ်အဲရစ် ဒန်ကန်တွင် အီဘိုလာ ရှိနေကြောင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့မည့် အလားအလာ နည်း ပါးပေသည်။

Ref:AP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List