Tuesday, October 07, 2014

သမ္မတသက်တမ်းနောက်တစ်ကြိမ်အတွက် အခြေခံဥပဒေပြန်ရန်ကြိုးပမ်းသော ဖိလစ်ပိုင်သမ္မတ လူကြိုက်နည်း


၁၉၈၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အခြေခံဥပဒေများကို ပြင်ဆင်မည်ဟု ဆိုထားသော ဖိလစ်ပိုင်နိုင်ငံ လက်ရှိသမ္မတ ဘင်နီနို အာကွီနို ၃ အား ပြည်သူ ၁၀ ဦးအနက် ၆ ဦး သို့မဟုတ် ၆၂ ရာခိုင်နှုန်းက ဒုတိယမြောက် သမ္မတသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်စေလိုခြင်း မရှိတော့ကြောင်း နိုင်ငံရေးသုတေ သန လေ့လာဆန်းစစ်ချက်မှတ်တမ်းတွင် ဖော်ပြခဲ့သည်ဟု အောက်တိုဘာလ ၆ ရက်က ဖိလစ်ပိုင် ဒေးလီး အင်ကွိုင်ယာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Pluse Asia အမည်ရ နိုင်ငံရေး သုတေသန အဖွဲ့မှ အောက်တိုဘာလ ပထမ သီတင်းပတ်က ထုတ်ပြန် ခဲ့သော စစ်တမ်းများတွင် စက်တင်ဘာ ၈ ရက်မှ ၁၆ ရက်အတွင်း စစ်တမ်းကောက်ယူမှုအတွင်း ဖိလစ်ပိုင် နိုင်ငံသားများသည် အာကွီနိုအား နောက်ထပ် ခြောက်နှစ်အထိ သမ္မတအဖြစ် တာဝန် ထမ်းဆောင်စေ လိုခြင်း မရှိတော့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။  

သမ္မတ အာကွီနိုသည် လက်ရှိအချိန်တွင် နိုင်ငံတော် တာဝန်များ ထမ်းဆောင်ရန် ကျန်ရှိနေသေးသည့် အကြောင်းပြချက်ဖြင့် ဒုတိယမြောက် သမ္မတ သက်တမ်းတွင် တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းလျက်ရှိနေစဉ် တွင် ယခုလို စစ်တမ်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လေ့လာဆန်းစစ်မှုမှတ်တမ်းအတွင်း စီးပွားရေး လုပ်ငန်းအများအပြားနှင့် ဒေသအနှံ့အပြားတို့မှ သမ္မတ အာကွီနို၏ ဒုတိယ သက်တမ်းကို ငြင်းဆန် ခဲ့ကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်တွင် အာကွာနို၏ ဒုတိယမြောက် သက်တမ်းအတွက် သမ္မတထံမှ အတည်ပြုချက်မရှိဘဲ လူမှုကွန်ယက်များနှင့် ပုံနှိပ်မီဒီယာ
များတွင် မဲဆွယ်စည်းရုံးမှုများ စတင်လျက်ရှိသည်။

Ref:The Philippine Daily Inquirer
Mizzima - News in Burmese

No comments:

Post a Comment

My Blog List