Friday, October 10, 2014

ဧည့်လမ်းညွှန် ဝန်ဆောင်ခ တစ်ရက် ၃၅ ဒေါ်လာ သတ်မှတ်


ဧည့်လမ်းညွှန် ဝန်ဆောင်ခနှုန်းထား (Guide Fees)ကို တစ်ရက်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၃၅ သတ် မှတ်ထားသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်းတို့မှ အောက်တိုဘာ ၈ ရက်၌ ပူးတွဲထုတ်ပြန်ခဲ့သည်။

ဧည့်လမ်းညွှန်များသည် တစ်ရက် ဝန်ဆောင်ခနှုန်းထားကို အနည်းဆုံး သတ်မှတ်ထားသော်လည်း မိမိတို့ အရည်အသွေးအလိုက် တောင်းဆိုခွင့် ရှိသည်ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များအသင်းတို့သည် စက်တင်ဘာလအတွင်း ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီး နှစ်ဖက်သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဧည့်လမ်းညွှန်များသည် လုပ်ငန်းတာဝန် ပြီးဆုံးကာ Assignment ကို စာရင်းရှင်း အပ်နှံပြီးနောက် ဧည့် လမ်းညွှန် ဝန်ဆောင်ခနှုန်းကို ရက်သတ္တတစ်ပတ်အတွင်း ငှားရမ်းသည့် ခရီးသွားကုမ္ပဏီများမှ ထုတ်ပေးရ မည်ဖြစ်ပြီး ဧည့်လမ်းညွှန် ဝန်ဆောင်ခနှုန်းထားအပြင် ဧည့်လမ်းညွှန်များအတွက် လုံလောက်သည့် တည်းခို စရိတ်နှင့် အစားအသောက် စရိတ်တို့ကို ခရီးသွားကုမ္ပဏီများက ပြည့်စုံလုံလောက်အောင် စီစဉ်ပေးရမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်းအေးဂျင့်နှင့် ဧည့်လမ်းညွှန် နှစ်ဦးသဘောတူ အလုပ်ရက် သတ်မှတ်ပြီးနောက် ပျက်ကွက် သည့် ဘက်မှ Cancellation Fees ကိုပေးရန် နှစ်ဖက်သဘောတူညီထားပြီး ရက် ၃၀ အလိုတွင် ပျက်ကွက် ပါက ၁၀ ရာခိုင်နှုန်း၊ သုံးရက်အလိုတွင် ပျက်ကွက်ပါက ၁၀၀ ရာခိုင်နှုန်းအထိ ပေးရမည်။

ခရီးသွားကုမ္ပဏီများ၏ ခရီးစဉ်အစီအစဉ်များတွင် နေထွက်ချိန် (Sunrise)၊ မန္တလေး မဟာမုနိမျက်နှာသစ် တော်အခမ်းအနား၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ၊ အထူးအစီအစဉ်များအတွက် သာမန်ဧည့်လမ်း ညွှန် ဝန်ဆောင်ခထက် အပိုဆုကြေးပေးရန် အသင်းနှစ်သင်းကြား ညှိနှိုင်းထားခဲ့သည်။

ဧည့်လမ်းညွှန် ဝန်ဆောင်ခနှုန်းထားကို ယခုမှ သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List