Tuesday, October 07, 2014

စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ်


နိုင်ငံတော် သမ္မတရဲ့အမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတွေလည်း ပါဝင်ပါတယ်။

နိုင်ငံတ၀ှမ်းက အကျဉ်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို ဒီကနေ့ အောက် တိုဘာ ၇ ရက်နေ့မှာ သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)အရ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအရ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ သမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထွတ် က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန်ရဲ့ အမှုတွဲ စစ်ထောက်လှမ်းရေးအရာရှိဟောင်း
တွေ အပါအ၀င် မြန်မာနိုင်ငံသား ၃၀၁၅ ယောက်နဲ့  နိုင်ငံခြားသား ၅၈ ယောက် ပါဝင်ပါတယ်။

DVB

No comments:

Post a Comment

My Blog List