Thursday, October 09, 2014

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ် ဒီနေ့ မြန်မာနိုင်ငံ ရောက်မည်


မြန်မာအစိုးရနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်းရောက် မြန်မာ လုပ်သားတွေအရေးကို ထည့်သွင်း ဆွေးနွေးဖို့ ထိုင်းရောက် မြန်မာအလုပ် သမားတွေကတောင်းဆိုလိုက်ပါတယ်။ ဒီနေ့  အောက်တိုဘာလ ၉ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ်ကျန်အိုချာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ် ပါတယ်။ 

နှစ်နိုင်ငံ ခေါင်းဆောင်တွေတွေ့ဆုံ ဆွေးနွေးကြတဲ့အခါ ထိုင်းရောက်ရွှေ့ပြောင်းအ လုပ်သမားတွေ ရဲ့ အရေးကို ထည့်သွင်းဆွေး နွေးပေးဖို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် က တောင်းဆိုလိုက် တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဥပဒေပါအတိုင်းခံစားခွင့်ရဖို့ ၊ အလုပ် သမားတို့အပေါ် မတရားအမြတ်ထုတ်နေကြတဲ့ အကျင့်ပျက် ၀န်ထမ်းတွေနဲ နှစ်နိုင်ငံပွဲစားတွေကို ဖော်ထုတ်အရေးယူဖို့ တောင်းဆိုထား
ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်း လောက်ရှိနေတဲ့ထဲက ၂ သန်းကျော် လောက်သာ အထောက်အထားရှိပြီး ကျန်သူတွေကတော့ အကာကွယ်မဲ့နေတယ် လို့ ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေး ကွန်ရက်အဖွဲ့ရဲ့ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာ သမ္မတတွေ့ဆုံတဲ့အခါမှာ (ခိုတောင်) လိပ်ကျွန်းက ဗြိတိန်ခရီးသွား၂ဦးကို သတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦး အရေးကိုလည်း ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List