Friday, October 10, 2014

ယူကရိန်း သမ္မတက ယခင်အစိုးရ ဝန်ထမ်းများအား တာဝန်မှ ရပ်စဲ


ယူကရိန်း သမ္မတ ပက်ထရိုပေါ်ရိုရှန်ကိုသည် အောက်တိုဘာ ၉ ရက်က သမ္မတဟောင်း ဗစ်တာယာနူကို ဗစ်နှင့် ဆက်နွယ်သည့် အစိုးရအာဏာပိုင်များကို ရှင်းလင်းဖယ်ရှားနိုင်မည့် ဥပဒေသစ်တစ်ရပ်ကို အတည်ပြု ခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဥပေဒေသည် အစိုးရအဖွဲ့များအား ပြည်သူများမှ ပြန်လည်ယုံကြည်မှု ရှိလာစေရန်နှင့် ဥရောပစံချိန်မီ အစိုးရစနစ်သစ်တစ်ရပ် ဖွဲ့စည်း ရန်အတွက် ရန်ရွယ်ကြောင်း သမ္မတ ပေါ်ရိုရှန်ကိုမှ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံအတွင်း အကျင့်ပျက်ချစားမှုများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အားနည်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများပြီးနောက် ယာနူ ကိုဗစ်အား ဖေဖော်ဝါရီအတွင်းက ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ပေါ်ရိုရှန် ကိုသည် မေလက သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခြင်း ခံရပြီးနောက် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု များပြုလုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သည်။

ယခုအတည်ပြုခဲ့သည့်ဥပဒေတွင် ဒေသတွင်း အစိုးရနှင့် နိုင်ငံတော် အစိုးရအဖွဲ့ဝင် ၀န်ထမ်းပေါင်း တစ်သန်းခန့် သို့ အကျိုး သက်ရောက်မည်ဖြစ်ဟု ယူကရိန်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ယာနူကိုဗစ် သမ္မတသက်တမ်းအတွင်း တစ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့သော အစိုးရ၀န်ထမ်းများအား နိုင်ငံတော်တာဝန်မှ ငါးနှစ် သို့မဟုတ် ၁၀ နှစ်အထိ ရပ်စဲသွားမည် ဖြစ်သည်။

အတည်ပြုခဲ့သော ဥပဒေအား အနာဂါတ်ကာလအတွင်း နိုင်ငံတကာ တရားဥပဒေ ကျွမ်းကျင်သူများ၏ အကြံဥာဏ်များကို ရယူပြီး ပြန်လည်စိစစ်မည်ဟု သမ္မတ ပေါ်ရိုရှန်ကိုက ပြောကြားခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List